တရုတ်နိုင်ငံရှိနည်းပညာအဆင့်မြင့်ကုမ္ပဏီတွေ အနောက်သို့ရွှေ့ တရုတ်နိုင်ငံခံျုကင်းထုတ် ပထမ ဆုံး ဟွေးလက်ပက်ကတ် နုတ်ဘုတ်ပီစီ ကို ဇန်နဝါရီလ ၂၆ ရက် ကစက်ရုံတွင်း ရှိ တပ်ဆင်ရေးလိုင်းကနေ ပထမဆုံး ထုတ်ခဲ့ပါတယ်။ ဒီပီစီနုတ်ဘုတ်က တရုတ် နိုင်ငံအနောက်တောင် ပိုင်းမြို့ တော်ခံျုကင်းမှ HP ကထုတ်လုပ်ဖို့ စီစဉ်ထားတဲ့ ပီစီ ၂၄ သန်းအနက် ပထမဆုံး ပီစီဖြစ်ပါတယ်။ခံျုကင်းစက် ရုံအနေဖြင့် ၂ဝ၁၂ ခုနှစ်မှာ ၆၅ သန်းထိထုတ်လုပ် ပြီး ကမ္ဘာတစ်ဝန်းလုံးကို တင်ပို့မှာ ဖြစ်ပါတယ်။ စောစောပိုင်းက ကုမ္ပဏီရဲ့ နုတ်ဘုတ်တွေကို တရုတ်နိုင်ငံကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ ရှန်ဟိုင်းဝန်းကျင် မှာ သာထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ အခုအခါမှာတော့ သူ့ရဲ့လုပ်ငန်း အချို့ ကို တောင်ပေါ်ဒေသဖြစ်တဲ့ ခံျုကင်းကို ပြောင်းဖို့ ကုမ္ပဏီက ဆုံးဖြတ်ခဲ့ပါတယ်။ HP တစ်ခုတည်းသာမကပါဘူး။ဖေါက် စကွန် တက်ခနော်လော်ဂျီဂရု၊ ကွမ်တာ ကော်ပိုရေးရှင်း၊ အင်ဗင်တက် ကော်ပို ရေးရှင်းစတဲ့ နည်းပညာအဆင့်မြင့် ထုတ်ကုန် ထုတ်လုပ်သူတွေကလည်း HP စက်ရုံတည်ရှိရာ ခံျုကင်းရဲ့ ဇီဟောင်မိုက်က ရိုအီလက်ထရွန်းနစ်စက်မှုဇုန်မှာထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်နေကြပါပြီ။ ဒီစက်မှုဇုန်ကို ၂ဝဝ၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ကောင်းစွာ ဖွံ့ဖြိုးပြီးဒေသတွေဖြစ်တဲ့ အရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတွေက ရွှေ့ပြောင်းလာတဲ့ ကုမ္ပဏီတွေနဲ့ ဌာနခွဲ ဖွင့်တဲ့ကုမ္ပဏီတွေ တစစကြီးထွားလျက် ရှိပါတယ်။၂ဝဝ၅-၂ဝဝ၉ ခုနှစ်အတွင်း စက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နံှမှုဟာ ဒေါ်လာ တစ်ဘီလီယံရှိခဲ့ပေမဲ့ လွန်ခဲ့ တဲ့ ၁၈ လအတွင်းမှာ ဒေါ်လာ ၃ ဘီလီယံထိ ဝင်ရောက်လာပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ရှိတဲ့ကုန်ထုတ် လုပ်သူတွေရဲ့အောင်မြင်မှုဟာ လုပ်သားဈေးပေါပေါရတာနဲ့ အခွန်လွတ် မူဝါဒ တွေအပေါ် မူတည်နေပါတယ်လို့ စက်မှုဇုန်လက်ထောက်ညွှန်ကြားရေးမှူး ဇူကျန်းက ပြောကြားပါတယ်။ Source : chinadaily
Background