Main menu

Background

၂ဝ၁၃ တွင် အိန္ဒိယဖွံ့ ဖြိုးမှုနှုန်းက တရုတ်နိုင်ငံကို ကျော်တက်မည်

Tue, 11/16/2010 - 04:33 -- Anonymous (not verified)

 ၂ဝ၁၃ တွင် အိန္ဒိယဖွံ့ ဖြိုးမှုနှုန်းက တရုတ်နိုင်ငံကို ကျော်တက်မည်    အိန္ဒိယနိုင်ငံရဲ့ လျင်မြန်တဲ့ စီးပွားရေးတိုးနှုန်းက ၂ဝ၁၃ ခုနှစ်မှာ တရုတ်နိုင်ငံကို ကျော်တက်လိမ့်မယ်လို့ မော်ဂန်စတန်လေက ခန့်မှန်းထားပါတယ်။လာမဲ့ဆယ်နှစ်အတွင်းမှာ အိန္ဒိယနိုင်ငံရဲ့ ဂျီဒီပီတိုးတက်နှုန်းဟာ ပျမ်းမျှ ၉ ရာခိုင်နှုန်းက ၁ဝ ရာခိုင်နှုန်းထိမြင့်တက်လာလိမ့်မယ်လို့ မော်ဂန်စတန်လေကပြောပါတယ်။    အလားတူကာလအတွင်းမှာ တရုတ်ပြည်ရဲ့စီးပွားရေးတိုးတက်မှုနှုန်းက ပျမ်းမျှ ခြင်းအားဖြင့် ၈ ရာခိုင်နှုန်း ရှိလိမ့်မယ်လို့ မော်ဂန်စတန်လေက ခန့်မှန်းထားပါတယ်။ အိန္ဒိယရဲ့စီးပွားရေးဟာ တရုတ်ပြည်ရဲ့လေးပုံတစ်ပုံပဲ ရှိပါတယ်။ဒါပေမဲ့ ယခုအခါမှာ ရင်ဘောင်တန်းနိုင်စပြုလာပါပြီ။ အလုပ်သမားအင်အားစု တိုးတက်လာတာနဲ့ပို့ ကုန်တွေ မြင့်တက်လာတာက ဒီလိုတိုးတက်မှုမျိုးကိုရရှိအောင် ဖန်တီးသွားပါ လိမ့်မယ်။အိန္ဒိယရဲ့အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်က လာမဲ့ ၁ဝ နှစ်အတွင်းမှာ ၁၇ ရာခိုင်နှုန်းတိုးတက်လာပါမယ်။တရုတ်နိုင်ငံကတော့ ၂ ရာခိုင်နှုန်းပဲတိုးတက်လာနိုင်ပါ တယ်။ ဒုတိယအကြောင်းတရားကတော့ အိန္ဒိယကပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာပဲ ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေကလည်း အရှိန်ရစပြုနေပါပြီ။    အိန္ဒိယနိုင်ငံရဲ့အခြေခံအဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းဟာ ၂ဝ၁၃ ခုနှစ်မှာဒေါ်လာဘီလီယံ ၂ဝဝ ဖိုးအထိတိုးတက်လာမှာဖြစ်ပါတယ်။၂ဝဝ၃ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၂ဝ သာရှိခဲ့ပါတယ်။သို့ဖြစ်ရာ ဂျီဒီပီမှာ ရင်းနှီးမြူပ်နံှမှု ပါဝင်နှုန်းက ၃၅ ရာခိုင်နှုန်းကနေ ၂ဝ၁၁ ခုနှစ်မှာ ၃၇ ရာခိုင်နှုန်းထိတိုးတက်လာနိုင် ပါမယ်။                                                                                              Source : CNA ဉာဏ်တင် စုစည်းတင်ပြသည်