ဆန်ပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ခြင်း

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် Thai Rice Exporter Associations တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၂ ဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၀ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့ပြီး ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၇ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၃ ဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၀ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၈၀ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်။ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၅၇ ဖြင့်လည်းကောင်း၊ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၄၇ ဖြင့်လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ပေါင်းဆန် ၅ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၂ ဖြင့် လည်းကောင်း အသီးသီးရှိသည်။Thai Rice Exporter Association  တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်းဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်း ဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်ဈေးနှုန်းများ၊ ဗီယက်နမ်နှင့် ပါကစ္စတန်နိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး အိန္ဒိယနိုင်ငံတွင် ဆန်ဈေးနှုန်းမှာ
အနည်းငယ် မြင့်တက်လျက် ရှိကြောင်း သိရသည်။ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် ထိုင်းနိုင်ငံသည်ယခုနှစ်အတွက် ဆန်တင်ပို့မှု ရည်မှန်းချက်ကို မက်ထရစ်တန်ချိန်၈ ဒသမ၅ သန်းအထိ တိုးမြှင့်ထားကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ  Chookiat Ophaswongse ကပြောကြားခဲ့သည်ကို သိရသည်။ အစောပိုင်းတွင် ထိုင်းနိုင်ငံ၏အစိုးရသည် ဆန်တန်ချိန် ၈ သန်းတင်ပို့မည်ဟု ရည်မှန်းထားခဲ့ပြီးဗီယက်နမ်ဆန်သည် ထိုင်းဆနဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းကြီးမားသည့်အတွက် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားကဲ့သို့ နိုင်ငံများမှထိုင်းဆန်အမှာစာများ တိုးလာကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံသည် အိန္ဒိယပြီးလျှင် ဒုတိယကမ္ဘာ့အများဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံ၏ ဆန်ထုတ်လုပ်မှုသည် အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် သက်ရောက်မှု အနည်းငယ်သာရှိကြောင်းထိုင်းဆန်တင်ပို့သူများအသင်း ဥက္ကဋ္ဌ Chookiat Ophaswongse မှ ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံသည် ပြည်ပသို့ ဆန်တန်ချိန် ၆ ဒသမ ဝ၈ သန်းတင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။ ကမ္ဘာ့ထိပ်တန်းဆန် တင်ပို့သောနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် ဆန်တင်ပို့မှု ကန့်သတ်ပိတ်ပင်မှုများကို ဖြေလျှော့နိုင်မည်ဟု ခန့်မှန်းထားပြီး လာမည့်နှစ်တွင်ထိုင်းဆန်တင်ပို့မှုသည် တန်ချိန် ၇ဒသမ၅ သန်း အထိသာကျဆင်းတင်ပို့နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ပြည်တွင်းဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၉၃၀ဝ၀ မှ ၁၀ဝ၀ဝ၀ ကြား ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန် တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝမှ ၁၂၅၀ဝ၀ ကြားပေါက်ဈေးရှိသည်။ဆန်ကြမ်းဖြစ်သော ဧည့်မထ၂၅ မှတ်တန် ဆန် (သစ်) တစ်အိတ်လျှင် ကျပ် ၅၈၀ဝ၀ မှ ၆၀ဝ၀ဝကြား ပေါက် ဈေးရှိပြီး ဧည့်မထ ရိုးရိုးဆန် (ဟောင်း) တစ်အိတ်လျှင်ကျပ် ၆၆၀ဝ၀ မှ ၆၉၀ဝ၀ ကြား ပေါက်ဈေးရှိကာ ယခုတစ်ပတ်တွင်ဆန်ကြမ်းဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင်နိုဝင်ဘာ ၁၅ ရက်တွင်ဖြစ်ပေါ်နေသောဈေးနှုန်းများအရ ဧည့်မထဆန်တစ်အိတ်လျှင် ၂၀ဝ ယွမ် ရှိပြီး (ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင်၄၅၅ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝကျော်) ပေါက်ဈေးရှိပြီး မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သောမြဝတီမြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင်၉၆ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါကဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ် ၆၄၅၀ ဖြင့်အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့တွင် ဧည့်မထဆန်တစ်ပြည်လျှင် ကျပ် ၂၈၀ဝ ဖြင့် အနိမ့်ဆုံး ဈေးနှုန်းများ ဖြစ် ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။ Thai Rice Exporter Association  တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၄၁ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်လျက်ရှိပြီး နိုဝင်ဘာလ ဒုတိယအပတ်တွင် နိုင်ငံတကာဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကိုလေ့လာသုံးသပ် တင်ပြအပ်ပါသည်။

 

 P&S