မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကပ္ပတိန် ဦးစိုးမင်းအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများအနေဖြင့် ကိုင်ဆောင်မည့် ဏျေစသမအ င်္သမ ဲသဘ (ဏဲ) နှင့် ဏျေစသမအ င်္သမ ှနောညေ (ဏှ) နိုင်ငံကူးလက်မှတ် အမျိုးအစား များအတွက် သက်တမ်းတိုးမြှင့်ခြင်း လာရောက်လျှောက်ထားရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံ ချက်တင်ပြနိုင်မှသာ သက်တမ်းတိုးမြှင့်ပေးမည်ဖြစ်သည်။ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သည့်နိုင်ငံမှ ရရှိမည့် အနိမ့်ဆုံးလစာနှုန်းထားကို အခြေခံကာ ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ်လကုန်ထိ ခြောက်လစာကိုတွက်ချက်ပြီး နှစ်ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်သည်။ သို့ဖြစ်ရာ ယင်းသို့ နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် အခွန်ကင်းရှင်း ကြောင်း တင်ပြရမည့် ကိစ္စရပ်နှင့်စပ်လျဉ်းပြီး သင်္ဘောသားများ ကြုံတွေ့နေရသည့် အခြေအနေများအား မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကပ္ပတိန် ဦးစိုးမင်းအောင်နှင့် တွေ့ဆုံမေးမြန်းထားသည်များအား ဖော်ပြလိုက်ရပါသည်။
နိုင်ငံကူးလက်မှတ် လျှောက်တဲ့အခါ အခွန်ကင်းရှင်းကြောင်း တင်ပြရမှာနဲ့ပတ်သက်ပြီး ပြည်ပထွက်ခွာမယ့် သင်္ဘောသားတွေ အနေနဲ့ ဘယ်လိုကြုံတွေ့နေရပါသလဲ။
အခွန်ဆောင်ထားတယ်ဆိုတာ ပူးတွဲပြမှ နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းကို ခွင့်ပြုမယ်ဆိုတဲ့ အခါကျတော့ သင်္ဘောသား တွေအနေနဲ့ ပတ်စ်ပို့သွားလျှောက်တဲ့အခါမှာ အဆင်မပြေဖြစ် တယ်။ သင်္ဘောသားတွေကို အခွန်ထမ်းဆောင်ဖို့ လိုအပ်တယ်လို့ပဲ ကျွန်တော်တို့ ယူဆပါတယ်။ ဒါပေမယ့် အခွန်ထမ်း ရမယ်ဆိုတဲ့ အခါကျရင် သင်္ဘောသားတွေအနေနဲ့ ဘယ်လို လွယ်လွယ်ကူကူ အခွန်ထမ်းလို့ရမလဲ။ နောက်တစ်ခုက ပတ်စ်ပို့လျှောက်တဲ့အချိန် မှာ အခွန်ဆောင်ထားတဲ့ စာရွက်စာတမ်း တွဲပြရမယ်ဆိုတော့ သူ က ဘယ်လိုဖြစ်နေလဲဆိုတော့ လက်ရှိ ရှိနေတဲ့ ဥပဒေအရ အခွန် ထမ်းသင့်တဲ့သူတွေအားလုံးကို အောက်တိုဘာလ ၁ ရက်ကနေ စပြီး အခွန်ထမ်းရမယ်လို့ ပြောလိုက်တယ်။ သို့သော် အဲဒီအချိန်မှာ သင်္ဘောသားက ဒီအမိန့်ကြေညာစာ ထုတ်ပြန်ခြင်းမပြုခင်မှာ အလုပ်လုပ်ထားတဲ့ သင်္ဘောသားက အခွန်ထမ်းရမှာလား၊ မထမ်း ရမှာလားဆိုတဲ့ မေးခွန်းဖြစ်လာတယ်။ တကယ်လို့ အခွန်ထမ်း ရမယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့အနေနဲ့ တစ်မျိုးလုပ်ရမှာ ပေါ့နော်။ သင်္ဘောသားတွေဘက်ကတော့ အလုပ်အကိုင်မရှိသေး တဲ့ အချိန်မှာ အခွန်ထမ်းရမယ်ဆိုတဲ့အခါကျတော့ အဆင်မပြေ ဘူးပေါ့နော်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်တွင်းအခွန်များဦးစီးဌာနကို တင်ပြခဲ့ တယ်လို့လည်း သိရပါတယ်။
ဟုတ်ပါတယ်။ နိုင်ငံကူးလက်မှတ် လျှောက်တဲ့အချိန်မှာ သင်္ဘောသားတွေက အဆင်မပြေဘူးဆိုတော့ ကျွန်တော်တို့က ပြည်တွင်းအခွန်ဦးစီးဌာနကို သွားတွေ့ပါတယ်။သင်္ဘောသား တွေအစား လူမှုကွန်ရက်ပေါ်မှာ ပြောနေတဲ့ သင်္ဘောလေးတွေ အရပဲ တင်ပြဆွေးနွေးခဲ့ပါတယ်။ အခွန်ဆောင်ရမယ်ဆိုတဲ့ အပေါ်မှာ ဘယ်လို လွယ်လွယ်ကူကူ ဆောင်လို့ရမလဲဆိုတာ ဆွေး နွေးခဲ့ပါတယ်။ ဘယ်လိုမြန်မြန်ဆန်ဆန် ဆောင်လို့ရမလဲ။ ဘယ် လိုနည်းလမ်းနဲ့ သတ်မှတ်ပြီးကောက်မှာလဲဆိုတာ တိတိကျကျ သိရဖို့လိုအပ်ပါတယ်။ ဘာလို့ဆိုတော့ လစာဆိုတဲ့အပေါ်မှာ ဘာ တွေပါလာမလဲဆိုတော့ အခြေခံလစာအပြင် အခြားခံစားခွင့်တွေ ရှိမယ်။ အဲဒီအပေါ်တွေမှာလည်း ကောက်မှာလားဆိုတာ ရှင်းရှင်း လင်းလင်းသိရဖို့ပါ။
ဘာတွေ တင်ပြဆွေးနွေးခဲ့ပါသလဲဆိုတာ သိပါရစေ။
ပြည်တွင်းအခွန်နဲ့ အစည်းအဝေးလုပ်တဲ့အချိန်မှာ ဘာတွေ တွေ့ရလဲဆိုတော့ ပြည်တွင်းအခွန်ဘက်က တင်ပြလာတာက သူတို့ ၂၀၁၂ ခုနှစ်မှာ အခွန်အကောက်ဥပဒေမှာပါတဲ့ အချက် ထက် ပြည်ပကို ထွက်အလုပ်လုပ်ကိုင်တဲ့ အလုပ်သမားတွေအတွက် အခွန်ဆောင်တာကို ကင်းလွတ်ခွင့်ပေးမယ်ဆိုတဲ့ စာပိုဒ်ကို ပြင် မယ်လို့ပြောပါတယ်။ ပြင်ပြီးတော့ ပြဋ္ဌာန်းလိုက်တဲ့အတွက် သင်္ဘောသားကလည်း အခွန်ဆောင်ရမယ်။ အဲဒီဟာက အခု အရင် ကင်းလွတ်ခွင့်ပေးထားတဲ့အချက်ကို ဥပဒေထဲ ပြန်ထည့် လိုက်တဲ့အခါကျတော့ အခွန်ဆောင်ရမယ်ဆိုတဲ့ဟာ ပြန်ဖြစ်သွား တယ်။ အခွန်ဆောင်ရမယ့်ရက်က အောက်တိုဘာ ပထမပတ်ကစ တယ်ဆိုတော့ ကျွန်တော်တို့ရဲ့ ဘဏ္ဍာနှစ်က ဧပြီကနေ မတ်လထိ နှစ်စဉ်ဆို တော့ ခြောက်လဘဏ္ဍာနှစ်အတွက်ကို အခွန်ကောက် ရမယ့်သဘောဖြစ်သွားတယ်။ အဲဒီတော့ ခြောက်လစာအခွန်ဆောင် ရမယ်ဆိုတဲ့အတွေး ဝင်သွားတယ်။ အခွန်ကောက်တဲ့နေရာမှာ ပြည်တွင်းအခွန်ကို သွားတွေ့တင်ပြဆွေးနွေးတဲ့အခါမှာ ခြောက်လ အခွန်ကောက်မယ်။ အောက်တိုဘာ ပထမပတ်ကနေ နောက်နှစ် မတ်လ ၃၀ ရက်အထိ ကောက်မယ်။ ကောက်မယ်ဆိုတဲ့ အခါကျ တော့ သင်္ဘောသားတစ်ယောက်က အောက်တိုဘာ ပထမအပတ် မတိုင်ခင်မှာ သင်္ဘောလိုက်တယ်။ ဇွန်လဆန်းလောက်က စလိုက် တယ်ဆို စက်တင်ဘာထိ လေးလပြီးသွားတဲ့အခါကျတော့ အခွန် ဆောင်ရမယ့်ဟာက အောက်တိုဘာ ပထမပတ်လို့ပြောတဲ့အတွက် ရှစ်လလိုက်မယ်ဆို ဇန်နဝါရီထိဆိုတော့ လေးလကိုပဲ ဆောင်ရ မယ့်သဘောရှိတယ်။ ဘာလို့လဲဆိုတော့ အောက်တိုဘာ ပထမ ပတ် မတိုင်ခင်က အခွန်ကင်းလွတ်ခွင့်ပေးထားတာ။ အဲတော့ မေးမြန်းတဲ့အခါကျတော့ သူတို့ဘက်က ဘာပြောလဲဆိုတော့ အခွန်ဆောင်မယ့်သူတွေ ပတ်စ်ပို့လျှောက်တဲ့အချိန်မှာ အခွန် ကောက်ပါလို့ ညွှန်ကြားချက် ထုတ်လိုက်တဲ့အတွက် ပတ်စ်ပို့ လျှောက်တဲ့သူတိုင်းကို အခွန်ဆောင်ပြီး စာရွက်ယူလာရမယ်လို့ ကြေညာလိုက်တဲ့အတွက် အခွန်ကမဆောင်ရသေးဘဲနဲ့ ပတ်စ်ပို့ သွားလျှောက်သလိုဖြစ်သွားတယ်။ အဲတော့ အရင်လိုက်လာတဲ့ လစာကို ပြန်ကြည့်ပြီးတော့ ပြန်ပြီးတော့ အခွန်ကောက်လိုက်မယ် လို့ပြောတယ်။ အဲတော့ အရင်လိုက်လာတဲ့ဟာကို ကောက်တာ တော့ဟုတ်ပြီ။ ဒါပေမယ့် ဥပဒေက အောက်တိုဘာမှစပြီး အကျိုး သက်ရောက်တော့ အဲမတိုင်ခင်ကဟာကို ဘာလို့ကောက်ရမလဲဆို တော့ အရင်လုပ်ထားတဲ့ လစာကို ကြိုပြီးဆောင်ထားပေးလို့ရှိရင် နောက်ပိုင်းမှာ အခွန်ဆောင်တဲ့အခါကျရင် အခုမှ ဆောင်ထားတဲ့ အပေါ်မှာ ခုနှိမ်ပြီးတော့ ဆောင်ခွင့်ရှိတယ်လို့ ပြောပါတယ်။နည်း နည်းလေးခက်ခဲသွားတာက ပတ်စ်ပို့လျှောက်တဲ့သူတွေ အနေနဲ့ အခွန်ဆောင်ရမယ့်ကိစ္စပေါ့။ အခွန်ဆောင်ရတယ်ဆိုတဲ့နေရာမှာ လည်း လက်ရှိအလုပ်လုပ်နေတဲ့သူတွေပဲ ဆောင်ရမှာမဟုတ်ဘဲနဲ့ အရင်လိုက်ထားတဲ့အပေါ်မှာ တွက်ပြီးတော့ ဆောင်ခိုင်းတဲ့ သဘောဖြစ်တာပေါ့။
ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
အောက်တိုဘာလ ပထမပတ်ကစပြီးတော့ အခွန်ကောက် မယ်လို့ပြောတယ်။သို့သော် အဲဒီမတိုင်မီမှာ အလုပ်လုပ်ခဲ့တဲ့ဟာက အခွန်ဆောင်ရမှာလားဆိုတာက မေးခွန်းတစ်ခုပါ။ နောက်တစ်ခု က သင်္ဘောသားက နိုင်ငံကူးလက်မှတ်က သက်တမ်းရှိမှ အလုပ် လျှောက်လို့ရတယ်။ သက်တမ်းမရှိဘဲနဲ့ အလုပ်လျှောက်လို့ မရ ဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ သင်္ဘောသားတွေဘက်က ခက်ခဲမှုတွေရှိလာတယ်ဆို သက်ဆိုင်ရာဌာနတွေဆီ အဆိုပြုလွှာ တင်ပြပေးမှာပါ။ သင်္ဘောသားတွေဘက်က ဘာတွေအခက်အခဲ ရှိနိုင်မလဲ။ ဒါတွေကိုလည်း ဆက်လက်တင်ပြပေးသွားဖို့ ရှိပါ တယ်။
တိဗ္ဗ
