Main menu

Background

ဘုရင့်နောင်ကုန်စည်ဒိုင်

Tue, 11/16/2010 - 05:57 -- Anonymous (not verified)

ဘုရင့်နောင်မှာမတ်ပဲ (RC) ဈေးသိသာစွာမြင့်လာပြီး အရောင်းအဝယ် ဖြစ်မှုများ                ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ် တန်ဖိုး ဈေးအထိုက်အလျောက် မြင့်လာတာရယ် အိန္ဒိယမွန်ဘိုင်းဈေးကွက် မှာ မြန်မာ့မတ်ပဲဈေးမြင့်လာမှုအပေါ်မူတည်ပြီး ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်များက မတ်ပဲ (RC) ကို လက်ရှိပေါက်ဈေးထက် ဈေးပိုပေးပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ေဈးသိသိသာစွာာမြင့် လာပြီး တစ်တန်ကို အနိမ့်ဆုံး ၇၆၂ဝဝဝ ကျပ် မှ အမြင့်ဆုံး ၇၈၉ဝဝဝ ကျပ်အတွင်း ၃၂၂ဝ တန်ခန့် အရောင်းအဝယ်ဖြစ်ခဲ့သလို မတ်ပဲ (SQRC) ကလို ည်း ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက တစ်တန်ကို အနိမ့်ဆုံး ၉၁၇ဝဝဝ ကျပ်မှ အမြင့်ဆုံး ၉၆ဝဝဝဝ ကျပ်အတွင်း တန် ၅၂၉ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ (RC)  ကို ပြည်ပတင်ပို့ရန် ဝယ်ယူ နေတဲ့ကုန်သည်များက တစ်တန်ကို ၅၃၇ဝဝဝကျပ်နဲ့ ၆၉တန် အဝယ် ရှိခဲ့သလို ငွေပေါ်လိုတဲ့ သိုလှောင်ထားသူ ကုန်သည်များကလည်း အရောင်းရှိခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။