Main menu

Background

အောင်လံကုန်စည်ဒိုင်

Tue, 11/16/2010 - 06:35 -- Anonymous (not verified)

အောင်လံမှာ ပဲတီစိမ်းဈေးမြင့်ပြီး စမုံနက်နှမ်းဈေးငြိမ်      ပဲတီစိမ်း က ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို မန္တလေးဝယ်လက် ကလည်း အရည်အသွေးကြိုက်နှစ်သက်လို့ ဈေးတိုးပေးပြီး အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့့််လာပြီး တစ်ပိဿာကို ၁၄ဝဝ ကျပ်(တစ်တန်ကို ၈၅၇၃၄၆ ကျပ်) နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ စမုံနက် နှမ်းကို မန္တလေးဝယ်လက်က အဝယ် အထိုက်အလျောက်သာရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင်  ဈေးတန့်နေပြီး တစ်ပိဿာကို ၂၆၆၇ ကျပ်(တစ်တန်ကို ၁၆၃၃၂၄၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြားသာ အဝယ်ရှိခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်များက ဆိုပါတယ်။