Main menu

Background

အောင်ပန်းကုန်စည်ဒိုင်(15-11-2010)

Tue, 11/16/2010 - 07:28 -- Anonymous (not verified)

အောင်ပန်းမှာ အာလူးဈေးအနည်းငယ်မြင့်ပြီး အရောင်းအဝယ်ဖြစ်                ဒေသထွက် အာလူးက ဈေးကွက်သို့ အဝင်ရှိသလောက် ရန်ကုန်-မန္တလေး ဝယ်လက်က ဈေးပေးအဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၆၃ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ၅၄၇၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိ ရပါတယ်။ ဂေါ်ဖီထုပ်ကို ရန်ကုန်ဝယ်လက်နဲ့ နယ်ဝယ်လက်တချို့ ကတစ်ပိဿာကို ၁ဝဝ ကျပ်နဲ့တစ်ပတ်အတွင်း ပိဿာချိန် ၃၅ဝဝဝဝ ခန့်အဝယ်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် အရောင်းအဝယ်ဖြစ်မှု ပမာဏက ထက်ဝက်ခန့် လျော့နည်းခဲ့တယ်လို့ ဒေသခံကုန်သည် တစ်ဦးက ဆိုပါတယ်။