Main menu

Background

ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာရန် ပူးပေါင်းဆောင်ရွက်မှုပိုမိုလိုအပ်

Mon, 02/05/2024 - 11:32 -- journal_editor

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ ဆွစ်ဇာလန် နိုင်ငံ ဒါဗို့မြို့ Davos) ၌ (၅၄) ကြိမ်မြောက်  ကမ္ဘာ့စီးပွားရေးဖိုရမ် World Economic Forum - WEF) ကျင်းပခဲ့သည်။ အစည်းအဝေးသို့ သက်ဆိုင်ရာနိုင်ငံမှ မူဝါဒချမှတ်သူနှင့် စီးပွားရေးခေါင်းဆောင်များ  တက်ရောက်ခဲ့ကြသည်။   ထိုသို့တက်ရောက်ပြီး  ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုကို  တွန်းအားပေးရန်အတွက် အပြန်အလှန် ယုံကြည်မှုနှင့် လေးစားမှုတို့အပေါ် အခြေခံသည့် ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ရန် အထူးမျှော်လင့်ခဲ့ကြသည်။
ကမ္ဘာ့စီးပွားရေးဖိုရမ်၏   အဓိကခေါင်းစဉ်မှာ ယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်း Rebuilding Trust ဖြစ်သည်။ ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ကမ္ဘာ့ စီးပွားရေးတိုးတက်မှုအတွက်  အဓိကအခန်းကဏ္ဍမှ  ပါဝင်နေ ကြောင်း၊ ရှုပ်ထွေးနေသည့် အချိန်အတွင်း ၎င်း၏အရေးပါသော ပံ့ပိုး ကူညီမှုများ  ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တက် ရောက်လာသူများက ပြောကြားခဲ့သည်။
စိန်ခေါ်မှုများ
၂၀၂၄ ခုနှစ် ကမ္ဘာ့စီးပွားရေး အလားအလာ မှုန်မှိုင်းနေဆဲဖြစ် သည်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့စီးပွားရေး အားပျော့လိမ့်မည်ဟု စီးပွားရေး ပညာရှင်များက မျှော်လင့်ထားသည်။ ြွေကးမြီ အကျပ်အတည်း၊ ငွေ ကြေးဖောင်းပွခြင်း၊ အတိုးနှုန်း  မြင့်မားခြင်းနှင့် ကုန်သွယ်မှု စွမ်း ဆောင်ရည် နှေးကွေးခြင်း စသည့်အချက်များက ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက်   အဟန့်အတားဖြစ်နေသည်။  မတည်ငြိမ်မှု (Instabilities) မသေချာမရေရာမှု Uncertainties)) နှင့် မှန်းဆမရ သော အချက်များ Unpredictable factorsက စိန်ခေါ်မှုကို ပိုမို ဆိုးရွားစေသည်။
အရှုပ်ထွေးဆုံး ပထဝီဝင်နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေ Most complex geopolitical and economic backdrops) ဖြစ်ပေါ် နေသည့်ကာလတွင် ဖိုရမ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ အလွန်ရှုပ်ထွေး သော လုံခြုံရေးအခင်းအကျင်းနှင့် အလွန်ပျက်စီးလွယ်သော စီးပွား ရေးအခြေအနေကို  မြင်တွေ့နေရကြောင်း  ကမ္ဘာ့စီးပွားရေးဖိုရမ် ဥက္ကဋ္ဌBorge Brende က ပြောကြားခဲ့သည်။
စီးပွားရေးတိုးတက်မှု Growth မရှိပါက အလုပ်အကိုင်မရှိ နိုင်ကြောင်း၊ တိုးတက်မှုမရှိပါက  ချမ်းသြွာကယ်ဝမှု ((Prosperity)) မရှိနိုင်ကြောင်း၊ ချမ်းသြွာကယ်ဝမှု မရှိဘဲ ငြိမ်းချမ်းမှု (Peace)) မရှိ နိုင်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စု World Bank Group) ဥက္ကဋ္ဌ Ajay Banga က ပြောကြားသည်။ ကမ္ဘာ့စီးပွားရေးတိုးတက်မှု လမ်းကြောင်း သည်  ဆယ်စုနှစ် သုံးခုအတွင်း အဆိုးရွားဆုံး ဆယ်စုနှစ်ဝက်သို့  ရောက်ရှိနေကြောင်း၊ ကမ္ဘာ့အခင်းအကျင်းကို ပုံဖော်ရာတွင် စီးပွား ရေးတိုးတက်မှု အရေးပါကြောင်း ၎င်းက သတိပေးခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF)၏ ၂၀၂၂ ခုနှစ်  အောက်တိုဘာလ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်ကြား ငါးနှစ်အတွင်း ကမ္ဘာ့စီးပွားရေးတိုးတက်မှု ပျမ်းမျှ ၃ ဒသမ ၁ ရာခိုင်နှုန်းရှိနိုင်ကြောင်း သိရသည်။ အဆိုပါတိုးတက်မှုနှုန်းသည် ၂၀ဝ၀ ပြည့်နှစ်နှင့် ၂၀၁၉ ခုနှစ်ကြား တိုးတက်ခဲ့သော ၃ ဒသမ ၈ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံးနှုန်း ဖြစ်သည်။ ၂၀၂၄ ခုနှစ်တစ်လျှောက် အတိုးနှုန်း ထပ်မံကျဆင်းလာ နိုင်ပြီး မူဝါဒအမှားအယွင်း (Policy error) မရှိစေရန် ဂရုစိုက်သင့် သည်။ မူဝါဒချမှတ်သူနှင့် စီးပွားရေးခေါင်းဆောင်များသည် ပထဝီ ဝင်နိုင်ငံရေး တင်းမာမှု ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်နေကြသည်။ ရုရှား-ယူကရိန်း ပဋိပက္ခ၊ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ပင်လယ်နီ အကျပ်အတည်း Red Sea crisis)တို့ကြောင့် သွင်းအားစုကုန်ကျ စရိတ် မြင့်တက်ခြင်းနှင့် ငွေကြေးဖောင်းပွခြင်း ဖြစ်ပေါ်လာနိုင်သည်။
လိုအပ်သော ပူးပေါင်းဆောင်ရွက်မှု
ယနေ့ကမ္ဘာကြီးသည် အယုံအကြည်ကင်းမဲ့သော ခံစားချက် များ Sense of distrust)  ပြည့်နှက်နေပါသည်။ ထို့အတွက် အရေး ကြီးသော ကမ္ဘာ့အရေးကိစ္စများ၌ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင် ရွက်မှု မလုံလောက်သေးကြောင်း တွေ့ရှိရသည်။ လုံခြုံရေး၊ စီးပွား ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ဆိုက်ဘာတိုက်ခိုက်မှုတို့သည် နိုင်ငံ နှင့် ကုမ္ပဏီများ အရေးတကြီး ရင်ဆိုင်နေရသော ပြဿနာဖြစ်သည်။ ထို့ကြောင့် ဘက်ပေါင်းစုံ ရင်ဆိုင်နေရသော စိန်ခေါ်မှုများ တိုက်ဖျက် ရန် နက်ရှိုင်းသည့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု Deepen global collaboration) လိုအပ်နေသည်။
ကမ္ဘာလုံးဆိုင်ရာ    စိန်ခေါ်မှုများ   ဖြေရှင်းရန်   အသံမျိုးစုံ Diverse range of voices ပါဝင်ရန် လိုအပ်သည်။ အာဖရိကသည် ကမ္ဘာတစ်ဝန်း နိုင်ငံစုံဝါဒ (Multilateralism) အတွက် အဓိကကျ သော အခန်းကဏ္ဍမှပါဝင်နေပြီး  ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားစီးပွားရေးဆိုင်ရာ နိုင်ငံတကာနယ်ပယ်များ၌လည်း ပါဝင် လျက်ရှိသည်။
တရုတ်၏ ပံ့ပိုးကူညီမှု
တရုတ်နိုင်ငံသည် နိုင်ငံစုံဝါဒကို အမြဲတစေ ထောက်ခံသည့် နိုင်ငံဖြစ်သည်။  ထို့ပြင် တရုတ်နိုင်ငံသည် ဖိုရမ်၌ တစိုက် မတ်မတ် တကြွ်ကစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ဖိုရမ်၌ တရုတ်နှင့် ကမ္ဘာ့နိုင်ငံ များ၏ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြန်အလှန် အောင်မြင်မှု များ မြင်တွေ့ခဲ့ရသည်။ ဖိုရမ်တက်ရောက်သူများသည် တရုတ်နိုင်ငံ၏ စီးပွားရေး အလားအလာနှင့် ပတ်သက်၍ ဆက်လက်အကောင်း မြင်လျက်ရှိကြသည်။ ထိုမျှမက တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် အရေးပါသော အင်ဂျင်စက်အဖြစ် ဆက်လက်ရှု မြင်နေကြသည်။
၂၀၂၃ ခုနှစ် တရုတ်စီးပွားရေးသည် ၅ ရာခိုင်နှုန်းဝန်းကျင် တိုးတက်ခဲ့ပြီး သတ်မှတ်ထားသော ရည်မှန်းချက် ပြည့်မီခဲ့သည်။ ဤ အချက်သည် တရုတ်နိုင်ငံအတွက်လည်းကောင်း၊ အာရှနှင့် ကမ္ဘာ အတွက်လည်းကောင်း သတင်းကောင်းတစ်ခုဖြစ်သည်။ အဘယ် ကြောင့်ဆိုသော်  တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုး တက်မှု Global growth) ၏ သုံးပုံတစ်ပုံ ပါဝင်နေသောကြောင့်ဖြစ် သည်။ ထို့ပြင် တရုတ်နိုင်ငံသည် အစိမ်းရောင်စွမ်းအင်ဆိုင်ရာ ကမ္ဘာ့  ချန်ပီယံနိုင်ငံ World champion) ဖြစ်လာခဲ့သည်။ အကြောင်းမှာ တရုတ်နိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၌ ထူးထူး ခြားခြားအောင်မြင်ပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ပူးပေါင်းဆောင် ရွက်မှု Global energy cooperation)) တွင်  အရေးပါသော အခန်း ကဏ္ဍမှ  ပါဝင်နေခြင်းဖြစ်သည်။  အထူးသဖြင့် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း မြောက်မြားစွာနှင့် ပူးပေါင်းဆောင် ရွက်နေသည်။
ကမ္ဘာ့  ဒုတိယစီးပွားရေး  အင်အားအကြီးဆုံးမားဖြစ်သည့် တရုတ်နိုင်ငံသည် နိုင်ငံစုံကုန်သွယ်မှုစနစ် (Multilateral trading system)) နှင့် နိုင်ငံစုံဝါဒ (Multilateralism)) ကို ထောက်ခံအားပေး သည်။ တရုတ်နိုင်ငံသည် နိုင်ငံ၏ စီးပွားရေးဖွင့်လှစ်ရန် အခိုင်အမာ သန္နိဋ္ဌာန်ချထားသည်။  နိုင်ငံ၏ စီးပွားရေး ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ခြင်းအားဖြင့်  တရုတ်နိုင်ငံသည် ၎င်း၏ အခွင့်အလမ်းများ မျှဝေပြီး ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရန် ကြိုး ပမ်းလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံစုံကုမ္ပဏီကြီးများ (Multilateralism)) သည် တရုတ်နိုင်ငံ၏ ကြီးမားသော စားသုံးသူဈေးကွက် အခွင့် အလမ်းများ Consumer market opportunities) ရယူသင့်ပါသည်။
Source: english.news.cn

 

သိန်းမြင့်ဝေ