Main menu

Background

အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းခြင်းနှင့် ပင်လယ်ကွေ့ဒေသသို့ ဦးတည်နေသည့် မုန်တိုင်းကြောင့် ရေနံစိမ်းဈေးနှုန်းမြင့်တက်

Thu, 11/18/2010 - 09:23 -- Anonymous (not verified)

 အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းခြင်းနှင့် ပင်လယ်ကွေ့ဒေသသို့ ဦးတည်နေသည့် မုန်တိုင်းကြောင့် ရေနံစိမ်းဈေးနှုန်းမြင့်တက်        အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းခြင်းနဲ့ မက္ကဆီကို ပင်လယ်ကွေ့ဒေသတွင် Richard အမည်ရှိ လေမုန်တိုင်းဝင်ရောက်နိုင်မှုကြောင့် ရင်းနှီးမြူပ်နံှသူများမှ ရေနံစိမ်းဝယ်ယူဖို့ စာချုပ်ချုပ်ဆိုမှုများရှိလာရာ အောက်တိုဘာ ၂၅ ရက်နေ့တွင် ရေနံစိမ်းဈေးနှုန်းက နှစ်ရက်ဆက်တိုက် မြင့်တက်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ဒီဇင်ဘာလသင်္ဘောတင်မဲ့ ရေနံစိမ်းဈေးနှုန်းက နယူးယောက်ကုန်စည်ရောင်းဝယ်ရေးတွင် တစ်စည်ကို ၈၅ ဆင့် ဈေးတက်သွားပြီး တစ်စည်ကို ကန်ဒေါ်လာ ၈၂ ဒသမ ၅၄ မြင့်တက်ခဲ့ကာ ရက်သတ္တပတ်ဈေးနဲ့ နှိုင်းယှဉ်ပါက သုည ဒသမ ၅ ရာခိုင်နှုန်း ဈေးတက်သွားကြောင်း သတင်းရရှိပါတယ်။           လန်ဒန်ကုန်စည်ရောင်းဝယ်ရေးတွင်လည်း ဒီဇင်ဘာလသင်္ဘောတင်မဲ့ ဘရင့် ရေနံစိမ်းဈေးနှုန်းက သုည ဒသမ ၈ ရာခိုင်နှုန်း ဈေးတက်သွားကာ တစ်စည်ကို ကန်ဒေါ်လာ ၈၃ ဒသမ ၆၂ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာပြုလုပ်ခဲ့တဲ့ G 20 အစည်းအဝေးတွင် မိမိတို့ ငွေကြေးကို ယှဉ်ပြိုင်နိုင်မှုရှိစေဖို့၊ တန်ဖိုးချခြင်းမှ ရှောင်ကြဉ်ကြဖို့ ကတိကဝတ်ပြု ခဲ့ကြပြီးနောက် အမေရိကန်ဒေါ်လာက ယူရိုငွေနဲ့ လဲလှယ်ရာမှာ သုည ဒသမ ၆ ရာခိုင်နှုန်း တန်ဖိုးကျဆင်းသွားကာ လောင်စာဆီဈေးနှုန်းနဲ့ အမေရိကန် ဒေါ်လာ အကြား ပြောင်းပြန်ဆက်နွယ်နေမှုက ဆက်လက်ဖြစ်ပေါ်နေကြောင်း သုံးသပ်လျက်ရှိပါတယ်။                                  Source :bloomberg.com အေးမွန်လှိုင်