Main menu

Background

စိန်ကျင်ဖြူဈေးနှုန်းများ ၁၀ ရာခိုင်နှုန်း ဈေးပြန်ကျလာ

Thu, 11/18/2010 - 09:24 -- Anonymous (not verified)

 စိန်ကျင်ဖြူဈေးနှုန်းများ ၁၀ ရာခိုင်နှုန်း ဈေးပြန်ကျလာ        ပြည်တွင်းစိန်ဈေးကွက်အတွင်း အရောင်းအဝယ်များအေးနေပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်းများပါ ကျဆင်းလာသောကြောင့် စိန်ကျင်ဖြူဈေးနှုန်းများမှာ ၁ဝ ရာခိုင် နှုန်းဝန်းကျင်ကျဆင်းလာကြောင်း စီအမ်စိန်ဆိုင်ပိုင်ရှင် ဦးရွှေကြည်က ပြောသည်။     ''အခုလို ဈေးကျသွားတာ အဓိကက ဝယ်လိုအားမရှိလို့ ကျင်ဖြူကလည်း အဓိကမြန်မာပြည်မှာပဲ သုံးတာ၊ ခုအရောင်းအဝယ်လည်း အေးနေ၊ ဈေးကလည်း ပြန်ကျလာတဲ့အတွက် စိန်ဝယ်ထားတဲ့ သူတွေပြန်လာရောင်း ရင် ၃၅ ရာခိုင်နှုန်း ဖြတ်ပြီးမှ ပြန်ဝယ်တယ်။ ဘယ်သူကမှ ဒီလောက်အရှုံးခံပြီး ပြန်မရောင်းဘူး၊ စိန် အသန့်ကတော့ ဈေးမကျဘူး။ ဈေးမကျတာက ပစ္စည်းကလဲသိပ်မထွက်ဘူး။ အခု အချိန်မှာတော့ ဈေးကြီးကြီးနဲ့ မြကွပ်ရောင်းတဲ့သူလောက်ပဲ ဝယ်နိုင်တယ်။ သာမန်အခြေအနေကတော့ သိပ်မဝယ်နိုင်ဘူး။ ပွင့်လင်းရာသီလက်ထပ်ပွဲတွေကိုပဲ မျှော်နေရတာ၊ မနှစ်ကနဲ့ယှဉ်ရင်တော့ ဒီနှစ်က ရောင်းအားအရမ်းကိုကျတယ်'' ဟု ဦးရွှေကြည်က ပြောသည်။         ယခုရက်ပိုင်းအတွင်း စိန်ဈေးကွက်မှာ ခန့်မှန်းရခက်နေပြီး တစ်ချို့ရက်များတွင် မထင်မှတ်ပဲ အရောင်းအဝယ်ဖြစ်တတ်ကြောင်း၊ စိန်ဈေးနှုန်းများကျဆင်းလာမှုမှာ ဝယ်လိုအားပေါ်တွင်မူတည်ပြီး အရောင်းအဝယ်များ ကျဆင်းလာခြင်းကြောင့်ဖြစ်ကြောင်းနှင့် အိန္ဒိယနှင့် တရုတ်နိုင်ငံတွင် ဝယ်လိုအားမြင့်မားမှုကြောင့် ဈေးနှုန်းများ ကျဆင်းခြင်းမရှိကြောင်း ယင်းကထပ်မံပြောကြားသည်။ မင်းသန့်