Main menu

Background

စားအုန်းဆီကြိုပွိုင့်ဈေး ၂ နှစ်ကျော်အတွင်း အမြင့်ဆုံး ရောက်ရှိ

Thu, 11/18/2010 - 09:33 -- Anonymous (not verified)

 စားအုန်းဆီကြိုပွိုင့်ဈေး ၂ နှစ်ကျော်အတွင်း အမြင့်ဆုံး ရောက်ရှိ      စားအုန်းဆီကြိုပွိုင့်ဈေး ၂ နှစ်ကျော်အတွင်း အမြင့်ဆုံး ရောက်ရှိ ရာသီဥတုအခြေအနေနဲ့ အမေရိကန်ဒေါ်လာတန်ဖိုး အားပျော့လာခြင်းတို့ကြောင့် ပဲပုပ်ဈေးနှုန်း ခိုင်မာလာခြင်းနဲ့အတူ အောက်တိုဘာ ၂၈ ရက်နေ့ မလေးရှား စားအုန်းဆီ ကြိုပွိုင့်ဈေးမှာလည်း ၂ နှစ်ကျော်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့တယ်လို့သိရပါတယ်။ စားအုန်းဆီ အဓိကစိုက်ပျိုးတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ မိုးပိုမိုရွာသွန်းနေခြင်းက ရိတ်သိမ်းခူးဆွတ်မှုကို ထိခိုက်နိုင်ခြင်းရှိကာ ဈေးနှုန်းမြင့်တက်ဖို့ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။      မလေးရှား ဘူစာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ဇန်နဝါရီလအတွက် အခြေခံ စားအုန်းဆီကြမ်း စာချုပ်ဈေးမှာ တစ်တန်ကို ၁ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ရင်းဂစ် ၃ဝ၆၄ (ကန်ဒေါ်လာ ၉၈၃) ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဈေးနှုန်းဟာ ၂ဝဝ၈ ခုနှစ်ဇူလိုင်လ ၂၈ ရက်နောက်ပိုင်းမှာအမြင့်ဆုံးပမာဏ ဖြစ်တယ်လို့သိရပါတယ်။ စားဆီနဲ့သီးနံှဈေးကွက်မှာ ရာသီဥတုအခြေအနေနဲ့ ဒေါ်လာ တန်ဖိုး အားပျော့နေခြင်းတို့ကြောင့် ဈေးနှုန်းဆက်လက် မြင့်တက်မယ့် လက္ခဏာ ရှိတယ်လို့ ကွာလမ်လာပူမှ ကုန်သည်တစ်ဦးကဆိုပါတယ်။ မကြာခင်စားအုန်းဆီ တစ်တန်ကို ရင်းဂစ် ၃၁ဝဝ (ကန်ဒေါ်လာ ၉၉၄ ) ဈေးဖြစ်လာမှာ အနှေးနဲ့ အမြန်ပါပဲလို့လည်း ၎င်းကဆိုပါတယ်။                            ယုဇန၊Source: palmoilhq.com