Main menu

Background

ချင်းရွှေဟော်မှလည်း နှမ်းဖြူတင်ပို့

Thu, 11/18/2010 - 09:38 -- Anonymous (not verified)

 ချင်းရွှေဟော်မှလည်း နှမ်းဖြူတင်ပို့            နှမ်းကို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဘက်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိရာမှ ယခုအပတ်မှာ ချင်းရွှေဟော် နယ်စပ်မှလည်းနှမ်းဖြူအနည်းငယ်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် နှမ်းရောင်စုံ ၂၉၆ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၉၄၁ သန်းဖိုးနဲ့ ချင်းရွှေဟော်မှ နှမ်းဖြူ ၁၈ တန်၊ ကန်ဒေါ်လာ ၂၃၄ဝဝ ဖိုးတင်ပို့နိုင်ခဲ့တဲ့ အတွက် ယခုအပတ်မှာ နှမ်း ၂၉၇၈ တန်၊ တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ၃ ဒသမ ၉၆၄ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က နယ်စပ်မှ ၂ဝ၁၈တန် တင်ပို့နိုင် ခဲ့တာမို့ ယခုအပတ်မှာတန်ချိန် ၉၆ဝ ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ နှမ်းဖြူမှလွဲပြီး နှမ်းနက်နဲ့ နှမ်းဖြူအခွံချွတ်များတင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ နှမ်းအနိမ့်ဈေးမှာ ယွမ် ၁ဝဝ မှ ၁၅ဝ (၁၅ ဒေါ်လာမှ ၂၃ ဒေါ်လာ) ခန့်ထိ တက်လာသော်လည်း             အမြင့်ဈေးမှာတစ်တန်ကို ယွမ် ၁ဝဝ(၁၅ ဒေါ်လာ)ခန့်ကျဆင်းလျက်ရှိတာ တွေ့ ရပါတယ်။ယခုအပတ်မူဆယ်မှနှမ်းဖြူတင်ပို့မှုမှာ ၆၆၅ တန်၊ နှမ်းနက်တင်ပို့မှုမှာ ၁၉၈၈ တန်နဲ့ နှမ်းအခွံချွတ် ၃ဝ၇ တန် အသီးသီးဖြစ်ပါတယ်။ မကွေးနဲ့မန္တလေးတိုင်းဒေသကြီးကထွက်ရှိတဲ့ နှမ်းဖြူများကို ချင်းရွှေဟော် နယ်စပ်မှ တင်ပို့ခြင်းဖြစ်ပြီး မိမိဘက်မြေပြင်ပေါက်ဈေးမှာ ၁၁၅ဝဝဝဝ ကျပ်ရှိပြီး တစ်ဘက်နိုင်ငံပေါက်ဈေးက ၉၃၅ဝ ယွမ် ဒေါ်လာ ၁၄ဝဝ ဝန်းကျင်ရှိတယ်လို့ ချင်းရွှေဟော်မှ နှမ်းတင်ပို့သူထံမှ သိရပါတယ်။ တရုတ်ဈေးကွက်သို့ ချင်းရွှေဟော် ဘက်မှ စမ်းသပ်တင်ပို့ကြည့်တာပါလို့ သူက ဆိုပါတယ်။ မူဆယ်နယ်စပ်ရှိ ယခုအပတ်နဲ့ ယခင်အပတ်နှမ်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-                                                      မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                         ယခု               ယခင်           ပြောင်းလဲမှု  %        ယခု         ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ           ၁၂၉၁၃၂ဝ       ၁၁၈ဝ၆ဝ၇       ၁၁ဝ၇၁၃      ၉       ၁၃ဝ၆      ၁၃၁၈         ၁၂           ၁နှမ်းနက်         ၁၃၃၅၂၉၇       ၁၅၁၈ဝ၆၈       ၁၈၂၇၇၁     ၁၄      ၁၄၂၇      ၁၅၃၄       ၁ဝ၇          ၈MIRT (DOBT)