Main menu

Background

မန်းဈေးကွက်ကိုဒေသစုံကဝင်တဲ့ မြေပဲဆီဆံ

Thu, 11/18/2010 - 09:43 -- Anonymous (not verified)

 မန်းဈေးကွက်ကိုဒေသစုံကဝင်တဲ့ မြေပဲဆီဆံ            မန်းဈေးကွက်အတွင်းသို့ ပြည်မကွေး၊ အောင်လံ၊ ရွှေဘို၊ မြင်းမူ၊ ကျောက်ပန်းတောင်းစတဲ့ ဒေသတွေက ယခုတစ်ပတ်အတွင်း မြေပဲဆီဆံများ ဝင်ရောက်နေပါတယ်။ အောက်တိုဘာ တတိယပတ်အတွင်း ဆီဆံ တစ်ပိဿာ ဈေးနှုန်းအနေနဲ့ နွားထိုးကြီးဆီဆံ ၁၆ဝဝ ကျပ်၊ မြင်းမူဆီဆံ ၁၅၇ဝ ကျပ်၊ ပြည်ဆီဆံ ၁၄၅ဝ ကျပ်၊ ကျွန်းဆီဆံ ၁၄၂၅ ကျပ်၊ ဝက်လက်ဆီဆံက ၁၅၁ဝ ကျပ်ဈေးနဲ့ ရောင်းဝယ်ခဲ့ကြပြီး စတုတ္ထပတ်မှာတော့ နွားထိုးကြီး ဆီဆံ ၁၆၅ဝကျပ်၊ ပြည်ဆီဆံက ၁၅၂၅ ကျပ်၊ မကွေးဆီဆံက ၁၅ဝဝ ကျပ်၊ မြင်းမူဆီဆံက ၁၅၈၅ ကျပ်၊ ရွှေဘိုဆီဆံက ၁၅၅ဝ ကျပ်ဈေးတို့နဲ့ ရောင်းဝယ်နေကြပါတယ်။ ယခုတစ်ပတ် အတွင်း ရာသီဥတုအခြေအနေကြောင့် မြေပဲဆီဆံများ ဝင်ရောက်မှု အားနည်းခဲ့ပြီး ဈေး အနည်းငယ်မြင့်တက်နေတာကို တွေ့ရပါတယ်။ ပဲဆီဈေးက တစ်ပိဿာ ၂၈ဝဝ ကျပ်၊ ၃ဝဝဝ ကျပ်၊ ပဲဖတ်တစ်ပိဿာ ၈၇ဝ ကျပ်၊ ၈၈ဝ ကျပ်ဈေးနဲ့ ရောင်းဝယ် နေကြပြီး ပုံမှန်အတိုင်း စီးဆင်းမှု ကောင်းနေရင်တော့ ဈေးနှုန်းက သိပ်မတက်ဘဲ ပုံမှန်အနေအထားနဲ့ ရောင်းဝယ်နေကြမှာပါလို့ သိရပါတယ်။                                                                  တင်ဇာမျိုး