Main menu

Background

ဈေးကွက်အများစုမှာ ကုလားပဲဈေးကျ

Thu, 11/18/2010 - 10:02 -- Anonymous (not verified)

ဈေးကွက်အများစုမှာ ကုလားပဲဈေးကျ         ယခုတစ်ပတ်အတွင်း အိန္ဒိယလက်ငင်း ဈေးကွက်အချို့မှာ ဈေးမြင့်ခဲ့သော်လည်း ဈေးကွက်အများစုမှာ ဈေးကျခဲ့ပါတယ်။ ပဲခွဲ စက်များမှ ဝယ်လိုအားနည်းခြင်းနဲ့ အဆက်မပြတ် ရောင်းချမှုများ ရှိခြင်းတို့ကြောင့် ဈေးကျလာတာဖြစ်ပါတယ်။ ဒါ့အပြင် ဆောင်း ရာသီ အထွက်မြင့်တတ်မယ့် အလားအလာကောင်းခြင်းကလည်း ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့အထိ စာရင်းအရ ကုလားပဲစိုက်ပျိုးပြီး ဧရိယာဟာ ဟက်တာ ၂ ဒသမ ၂၃၁ သိန်းသာရှိလို့ ယခင်နှစ်ကာလတူစိုက်ဟက်တာ ၃ ဒသမ ၅၉ သိန်းထက် လျော့ကျခဲ့ပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းလျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါ တယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူ လုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                                                                              ဒေါ်လာ/တန်  ဈေးကွက်               ၂၈ .၁ဝ .၁ဝ              ၂၇ .၁ဝ .၁ဝ                    ၂၆ .၁ဝ .၁ဝ                  ၂၅ .၁ဝ .၁ဝမွန်ဘိုင်း                    ၅၆ဝ-၅၆၂               ၅၅၆-၅၅၇                        ၅၅၆-၅၅၇                     ၅၅၇-၅၅၉ဒေလီ                      ၅၂၈-၅၃၃                   ၅၃၃                           ၅၃၆-၅၄ဝ                     ၅၃၄-၅၄၁ကန်ပါ                      ၅၃ဝ-၅၃၂               ၅၃၂-၅၃၃                           ၅၃၆                           ၅၃၅