ဈေးနှုန်းကိစ္စကြောင့် ဘင်္ဂလားဒေ့ရှ်ကို အိန္ဒိယဆန်တင်ပို့မှု ရပ်ဆိုင်းထား ဆန်တင်ပို့မှုဈေးနှုန်းလျှော့ချဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းခဲ့ပြီးနောက် အိန္ဒိယဆန်တန်ချိန် ၃ သိန်းတင်ပို့မှု အစီအစဉ် ရပ်ဆိုင်းထားတယ်လို့ ပြည်တွင်းသတင်းများက ဖော်ပြထားကြောင်းသိရပါတယ်။ သြဂုတ်လက နှစ်နိုင်ငံသဘောတူညီချက်အရ အိန္ဒိယ အစိုးရသိုလှောင်မှုထဲက ပေါင်းဆန်တန်ချိန် ၃ သိန်းနဲ့ ဂံျုတန်ချိန် ၂ သိန်း ရောင်းချဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ဈေးနှုန်းညှိနှိုင်းမှု များကြောင့် သင်္ဘောတင်ဖို့ နှောင့်နှေးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ အကယ်လို့ သင်္ဘောတင်နှောင့်နှေးရင် ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်က ရောက်ရှိလာတဲ့ဆန်ကို ငြင်းပယ် မယ်ဆိုရင် ကုန်ကျစရိတ် ပိုမိုမှာဖြစ်လို့ ဘင်္ဂလားဒေ့ရှ်ဆိပ်ကမ်းမရောက်မီ၊ သင်္ဘောမတင်မီ ဘင်္ဂလားဒေ့ရှ်ဘက်က ဆန်အရည်အသွေးနဲ့ အမျိုးအစားတွေကို စစ်ဆေးဖို့ အိန္ဒိယဘက်က ဆန္ဒရှိခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ပြည်တွင်းဆန်ပြတ်လပ်မှုကြောင့် ဆန်အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။ လဝန်းးSource:oryza.com
Background