Main menu

Background

အင်ဒိုနီးရှားက ဗီယက်နမ်ဆန်တန်ချိန် ၂ သိန်းဝယ်ယူ

Tue, 11/23/2010 - 03:33 -- Anonymous (not verified)

 အင်ဒိုနီးရှားက ဗီယက်နမ်ဆန်တန်ချိန် ၂ သိန်းဝယ်ယူ          အင်ဒိုနီးရှားရဲ့ နိုင်ငံပိုင်ဝယ်ယူရေး အေဂျင်စီဖြစ်တဲ့ ဘူးလော့ဟာ ဗီယက်နမ်မှ နောက်ထပ်ဆန်တန်ချိန် ၂ သိန်းဝယ်ယူထားပြီး တင်ပို့မှုကတော့ အေဂျင်စီရဲ့ နှစ်ကုန် သိုလှောင်လက်ကျန်ပမာဏအပေါ် မူတည်တယ်လို့ ပြည်တွင်းသတင်းမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။ ဗီယက်နမ်နိုင်ငံ အတွင်းစပါး ရိတ်သိမ်းချိန် ၂ ခုအကြား လက်ကျန်ဆန်လျော့နည်းခြင်းနဲ့ ထိပ်တန်းဆန်တင်ပို့တဲ့ ထိုင်းနိုင်ငံက ၁ဝ စုနှစ်အတွင်း အဆိုးဝါးဆုံး ရေလွှမ်းမိုးမှုကြောင့် သီးနံှများထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ နောက်ထပ်ဆန်ဝယ်ယူမှုဟာ အာရှဆန်ဈေးနှုန်းအမြင့်မှာ ဆက်ရှိနေဖို့ တွန်းပို့နေတယ်လို့ လေ့လာဆန်းစစ်သူ တွေက ဆိုပါတယ်။              အင်ဒိုနီးရှားနိုင်ငံဟာ ၂ဝဝ၇ ခုနှစ်မှာ ဆန်တန်ချိန် ၁ ဒသမ ၃ သန်း တင်သွင်းခဲ့တဲ့အနက် အများဆုံးကို ထိုင်းနဲ့ ဗီယက်နမ်တို့က တင်သွင်းခဲ့ပါတယ်။ ဘူးလော့ဟာ နိုင်ငံအတွက် အဓိကစားနပ်ရိက္ခာသိုလှောင်မှုအတွက် တာဝန်ယူ ရသလို နိုင်ငံအတွင်းဈေးနှုန်းမြင့်တက်ချိန်မှာ ပြည်တွင်းမှာရောင်းချပေးခြင်း၊ ထိုက်သင့်တဲ့ ဈေးနှုန်းအောက်လျော့ကျရင်လည်း လယ်သမားတွေဆီက ပြန်ဝယ်ယူ ပေးခြင်းဆိုတဲ့ ဈေးကွက်အလျော့အတင်း ကိစ္စရပ်များကို ဆောင်ရွက်ပေးရပါတယ်။                                                                                                      လမင်း၊ှSources: oryza .com