ဆန်တင်သွင်းမှုအကန့်အသတ်များကို ဖိလစ်ပိုင်ဖယ်ရှားဖို့စီစဉ် ဖိလစ်ပိုင်အစိုးရဟာ နိုင်ငံတော်စားနပ်ရိက္ခာအာဏာပိုင် ( NFA ) ကိုသီးနံှများအတွက် ထောက်ပံ့မှုအစီအစဉ် ဖယ်ရှား လိုက်ပြီးတဲ့နောက် ဆန်တင်သွင်းမှုနဲ့ ပတ်သက်လို့ပမာဏ ကန့်သတ်မှုများဖြစ်တဲ့ ကိုတာစနစ်ကို ဖယ်ရှားဖို့နဲ့ အခွန် လျှော့ချဖို့ကို စဉ်းစားနေတယ်လို့ ဘဏ္ဍာရေးဝန်ကြီး Florencio Abad က နိုဝင်ဘာလ ၁၆ ရက်နေ့က ပြောကြား ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ပြည်တွင်း ထုတ်လုပ်မှုလျော့ကျ တာကြောင့် လွန်ခဲ့တဲ့ နှစ်များက ထိုင်းနဲ့ ဗီယက်နမ်တို့လို အိမ်နီးချင်း နိုင်ငံများက ဆန်တင်သွင်းမှု တိုးတက်လာ ခဲ့ပါ တယ်။ ( NFA ) ဟာ ပြည်ပက ဆန်အမြောက်အမြားတင်သွင်းပြီး ဖိလစ်ပိုင် ပြည်သူများ ဝယ်ယူနိုင်စေဖို့ ဈေးအနိမ့်နဲ့ ရောင်းချ ပေးခဲ့ပေမဲ့ အကွီနို အစိုးရဟာ ဆန်တင်သွင်းမှုအတွက် ထောက်ပံ့မှုကို ရပ်တန့်လိုခဲ့ပါတယ်။ အစိုးရဟာ( NFA ) ရဲ့ ဆန်ဝယ်ယူဖို့ အသုံးငွေကိုလျှော့ချခဲ့ကာ ထောက်ပံ့မှုကို ပထမ ခြေလှမ်းအနေနဲ့ ဖယ်ရှားခဲ့ပြီး ယင်းအသုံးငွေများကို အလုပ် လက်မဲ့ ဆင်းရဲသားများကို တိုက်ရိုက်ပေးဝေနိုင်ဖို့ လူမှုဖူလုံရေး ဌာနကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ အခွန်လျှော့ချပေးခြင်းဟာ ဆန်တင်သွင်းတဲ့ ပုဂ္ဂလိက ကုမ္ပဏီများကို ဈေးအနိမ့်နဲ့ ရောင်းချဖို့ အားပေးရာ ရောက် နိုင်တယ်လို့ Abad ကဆိုပါတယ်။ အခွန်မြင့်မားခြင်းနဲ့ တင်သွင်းမှုပမာဏ ကန့်သတ်ခြင်းဟာ ပုဂ္ဂလိက တင်သွင်းသူ များအတွက် ပမာဏများများမဝယ်ယူနိုင်စေခဲ့ဘူးလို့ ဆိုပါ တယ်။ လက်ရှိအစိုးရဟာ ဆန်တင်သွင်းမှုအခွန် ၄ဝ ရာခိုင် နှုန်း၊ ၅ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းကို လျှော့ချဖို့ စဉ်းစားနေ တယ်လို့ နိုင်ငံတော်စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးအားဏာပိုင်မှ အရာရှိတစ်ဦးက ဆိုပါတယ်။ ဆန်တင်သွင်းမှုကိုတာများ ဖယ်ရှားရခြင်းနောက်ထပ် အကြောင်းရင်းကတော့ လယ်ယာထွက်ကုန်များ ကုန်သွယ် ရေးနဲ့ ပတ်သက်တဲ့ အတားအစီးများဖယ်ရှားဖို့ WTO နဲ့ သဘောတူညီထားခြင်းကြောင့်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ရာသီဥတုပုံမှန်ထက် ခြောက်သွေ့ တာကြောင့် ပထမ ၃ လအတွင်း ထုတ်လုပ်မှု ကျဆင်းခဲ့တဲ့ အတွက် ယခုနှစ်မှာ ဆန်တန်ချိန် ၂ ဒသမ ၄၅ သန်းအထိ စံချိန်တင် တင်သွင်းခဲ့ပါတယ်။ လာမယ့်နှစ် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ယခုနောက်ဆုံး ၃ လအတွင်း ဆန်ဝယ်ယူ သွားမယ်လို့ သိရပါတယ်။ လမင်း၊ှSources: riceonline
Background