Main menu

Background

ယခုနှစ်အိန္ဒိယဆန်အထွက် ၁၂ ရာခိုင်နှုန်းတိုးမယ်လို့ FAO ကဆို

Tue, 11/23/2010 - 03:44 -- Anonymous (not verified)

 ယခုနှစ်အိန္ဒိယဆန်အထွက် ၁၂ ရာခိုင်နှုန်းတိုးမယ်လို့ FAO ကဆို     ယခုနှစ်အတွင်း မုတ်သုံမိုးအခြေအနေကောင်းခဲ့ခြင်းနဲ့ စိုက်ဧကပိုမိုလာခြင်းတို့ကြောင့် အိန္ဒိယရဲ့ ဆန်ထွက်ရှိမှု ၁၂ ဒသမ ၃၆ ရာခိုင်နှုန်းခန့် မြင့်တက်ဖွယ်ရှိတယ်လို့ နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်တဲ့ FAO  ရဲ့ နောက်ဆုံးစားနပ်ရိက္ခာ ခန့်မှန်းချက်မှာဖော်ပြထားပါတယ်။ မနှစ်က ထွက်ရှိတဲ့ ဆန်တန်ချိန် ၈၉ သန်းထက်ပိုပြီး ယခုနှစ်မှာ တန်ချိန် သန်း ၁ဝဝ အထိ ထွက်ရှိမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဆန်ထုတ်လုပ်မှုဟာလည်း ဇွန်လက တန်ချိန် ၄၇၂ သန်းထွက်မယ်လို့ ခန့်မှန်းရာမှ ယခုအခါ တန်ချိန် ၄၆၇ သန်းကို ခန့်မှန်းထားပါတယ်။ အဲဒီပမာဏဟာ ၂ဝဝ၉-၂ဝ၁ဝ ပမာဏထက် ၁၁ သန်းပိုမိုတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဆန်ထုတ်လုပ်မှု မြင့်တက်တဲ့တိုင် အိန္ဒိယနဲ့ အီဂျစ်အပါအဝင် နိုင်ငံများစွာက ဆန်တင်ပို့မှု ကန့်သတ်မှုကြောင့် ကမ္ဘာ့ဆန်ကုန်သွယ်မှု ကတော့ အကန့်အသတ်သာ ရှိမယ်လို့ဆိုပါတယ်။ ၂ဝ၁၁ မှာ တိရစ္ဆာန်အစာအပါအဝင်ကမ္ဘာ့ဆန်သုံးစွဲမှုဟာလက်ရှိ ၂ဝ၁ဝခန့်မှန်းချက်ထက် ၁ ဒသမ ၆ ရာခိုင်နှုန်း၊ ပမာဏအားဖြင့် ၇ သန်း ပိုမိုပြီး စုစုပေါင်း တန် ၄၆ဝ သန်း ရှိမယ်လို့ ဆိုပါတယ်။         FAO ရဲ့ခန့်မှန်းချက်အရ ၂ဝ၁ဝ-၂ဝ၁၁ ကမ္ဘာ့ဆန်ထုတ်လုပ်မှုဟာ ဆန်သုံးစွဲမှုထက် ၇ သန်း ပိုမယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် ၂ဝ၁ဝ မှာ ကမ္ဘာ့ဆန်လက်ကျန်ဟာ တန်ချိန် ၁၂၆ သန်းရှိရာမှ ၂ဝ၁၁ မှာ လက်ကျန်တန်ချိန် ၁၃၃ သန်းကို မြင့်တက်လာနိုင်တာကြောင့်လို့ ဆိုပါတယ်။ တရုတ်နဲ့ အိန္ဒိယတို့မှာ လက်ကျန်တိုးတက်မှာဖြစ်လို့ စုစုပေါင်း ကမ္ဘာ့ဆန်လက်ကျန်ဟာ ၂ဝဝ၂ ခုနှစ်နောက်ပိုင်းမှာ အများဆုံးဖြစ်မယ်လို့ ဆိုပါတယ်။          အိန္ဒိယက ဆန်တင်ပို့မှု ပိတ်ပင်ခြင်းကို ပြန်လည်ခွင်မပြုသေးဘူးဆိုရင် ကမ္ဘာ့ဆန်ရောင်းချမှုဟာ ၂ဝ၁ဝ-၂ဝ၁၁ တိုင်အောင် အကန့်အသတ်သာ ရှိဦးမယ်လို့ ဆိုပါတယ်။ အဲဒီကာလတိုင်အောင် ကမ္ဘာ့ဆန်ဈေးဟာလည်း အမြင့်မှာဘဲ ရှိနေအုံးမယ်လို့ FAO  က ဆိုပါတယ်။ အထူးသဖြင့် ကန်ဒေါ်လာ တန်ဖိုးအားပျော့ခြင်းနဲ့ လယ်ယာထွက်ကုန်ဈေးတွေ မြင့်တက်ခြင်းက ဆန်ဈေးမြင့်ဖို့ အထောက်အပံ့ဖြစ်စေတယ်လို့ ဆိုပါတယ်။             လမင်း၊ှSources: Business Standard