Main menu

Background

ပဲစင်းငုံတင်ပို့မှု ဆက်လက်လျော့ကျ

Tue, 11/23/2010 - 03:51 -- Anonymous (not verified)

ပဲစင်းငုံတင်ပို့မှု ဆက်လက်လျော့ကျ     နိုဝင်ဘာလ ၁၁ ရက်မှ ၁၆ ရက်ထိ ဘက္ကရီးအစ်ဒ် ပွဲတော်ပိတ်ရက် အပါအဝင် တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက ပဲစင်းငုံ တန် ၃ဝဝ ခန့်သာ တင်ပို့ခဲ့ပါတယ်။ ပိတ်ရက်များကြောင့် တင်ပို့တဲ့ ရက်နည်းသလို ဈေးမကိုက်လို့ တင်ပို့မှုနည်းတာကြောင့်လည်း ပဲစင်းငုံတင်ပို့မှုက အရင်ကာလ တူတွေထက် သိသိသာသာကျဆင်း လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ယခင်တစ်ပတ်က MMTC  က ခေါ်ယူခဲ့တဲ့ တင်ဒါတွေအတွက်တော့ လာမယ့်ရက်တွေမှာ အရောင်း အဝယ် အနည်းငယ်ဖြစ်လာနိုင်လို့လာမယ့် သီတင်းပတ်တွေမှာတော့ ပဲစင်းငုံတင်ပို့မှု ပြန်တက်လာဖွယ်ရှိတယ်လို့ ကုန်သည်များက ဆိုပါတယ်။ ပြည်တွင်းအချို့ပဲစိုက်တဲ့ ဒေသတွေမှာ ပဲစင်းငုံအသစ် အနည်းငယ်တော့ ရိတ်သိမ်းနေပြီလို့ သိရပါတယ်။ ဒါပေမဲ့ ဈေးကွက်အတွင်းတော့ ဒီဇင်ဘာလကုန်လောက်မှ ဝင်ရောက်မယ်လို့ သိရပါ တယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ပဲစင်းငုံနီ တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ နဲ့ ပဲစင်းငုံဖြူနီ၊ အဖြူတစ်တန်ကို ကန်ဒေါ်လာ ၅၇ဝ- ၅၈ဝ ဈေးနဲ့ ငြိမ်နေတယ်လို့ သိရပါတယ်                                                                    MIRT - MAPT