Main menu

Background

မြန်မာအက်ဂရိုအိတ်စ်ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီ အမြတ်ဝေစု ခွဲဝေပေးမည်

Mon, 07/01/2024 - 15:15 -- journal_editor

တညင်းကုန်းလက်ကားဈေးအား စီမံခန့်ခွဲလုပ်ကိုင်လျက်ရှိသည့်  မြန်မာအက်ဂရိုအိတ်စ်ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီ (MAEX)  မှ  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစုအား ၂၀ဝ ကျပ် ခွဲဝေပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ 
ယင်းအမြတ်ဝေစုအား  သြဂုတ် ၂၇ ရက်တွင်  ကျင်းပမည့် အဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ရှယ်ယာရှင်များအား  ခွဲဝေပေးမည်ဖြစ်ပြီး စုစုပေါင်းအမြတ်ဝေစု ခွဲဝေပေးမည့် ပမာဏအဖြစ် ရှယ်ယာတစ်စု ၂၀ဝ ကျပ်နှုန်းဖြင့် ကျပ် ၄ ဒသမ ၇ ဘီလီယံကျော် အသုံးပြုသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
မြန်မာအက်ဂရိုအိတ်စ်ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီ (MAEX)  အနေဖြင့် အဆိုပါ အမြတ်ဝေစု ခံစားခွင့်ရှိသည့် အစုရှယ်ယာရှင်များအား ၂၀၂၄ ခုနှစ် ဇူလိုင် ၂၂ ရက်အထိ အရောင်းအဝယ်ပြုလုပ်ထားပြီး ၂၀၂၄ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် အမြတ်ဝေစု ခံစားခွင့်ရရှိမည့် အစုရှယ်ယာရှင်အဖြစ် အတည်ပြုမည့်ရက်တွင်ရှိသည့် အစုရှယ်ယာရှင်စာရင်းအရ သတ်မှတ် သွားမည်ဖြစ်ကြောင်း သိရသည်။ 
မြန်မာအက်ဂရိုအိတ်စ်ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီ (MAEX)  သည် ရန်ကုန်စတော့အိတ်ချိန်း ှ့ဌ စာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်စတော့အိတ်ချိန်းသို့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် မေလအတွင်း MAEX အနေဖြင့် ရန်ကုန်စတော့အိတ်ချိန်း(YSX) တွင် ရှယ်ယာ ၂၈၄၁၀ စု၊ ကျပ်သန်း ၅၀ နီးပါးအထိ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။