Main menu

Background

အဝယ်မျိုးစုံ ရောင်းလက်အစုံနဲ့ မုံရွာပဲစင်းငုံဈေးကွက်

Tue, 11/23/2010 - 03:58 -- Anonymous (not verified)

အဝယ်မျိုးစုံ ရောင်းလက်အစုံနဲ့ မုံရွာပဲစင်းငုံဈေးကွက်    မုံရွာကုန်စည်ဒိုင် နိုဝင်ဘာ ဒုတိယ ၁ဝ ရက်ပတ် ပဲစင်းငုံနီဈေးကွက်ဟာ တစ်တင်း ၁၆၅ဝဝ ကျပ်ဈေးမှာ ဆက်လက်ငြိမ်နေပြီး နယ်ဝယ်လက်ကတော့ လိုအပ်သလောက်သာ ဝယ်ယူမှုရှိတယ်လို့ ဆိုပါတယ်။ ဒေသတွင်း ခွဲစက်အချို့ ဝယ်ယူမှုရှိခဲ့ပြီး အချို့ကုန်သည်တွေကတော့ ယခုဈေးဟာ ပဲစင်းငုံပေါ်ပေးဈေးထက် အနည်းငယ်သာ ပိုလို့ပစ္စည်းရှိသူက ထုတ်မရောင်းလိုကြသလို ကုန်သည်တစ်ချို့ ဈေးကွက် မျှော်လင့်ချက်နဲ့ ဝယ်ယူမှုတွေရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ရင်းနှီးတဲ့ ကုန်သည်အချင်းချင်း လက်ပြောင်း အရောင်းအဝယ် ဖြစ်သူတွေ လည်း ရှိလို့ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ် အိတ် ၃ဝဝ ဝန်းကျင် အရောင်းအဝယ် ရှိခဲ့တယ်လို့ သိရပါတယ်။      ထွန်းလှိုင်