Main menu

Background

်သီးပွင့်ဝေဆာ ပဲစင်းငုံကဗ္ဗလာ

Tue, 11/23/2010 - 03:58 -- Anonymous (not verified)

 သီးပွင့်ဝေဆာ ပဲစင်းငုံကဗ္ဗလာ    ဒီနှစ်ရာသီဥတုအခြအနေက မိုးဦးနဲ့မိုးလယ်မှာ မိုးနည်းခဲ့ပေမဲ့ မိုးနှောင်းမှာ တော့ ရှေ့ပိုင်းကတင်ခဲ့တဲ့ အြွေကးတွေပါဆပ်သလို အတိုးရောအရင်းပါ ရွာချလိုက် လို့ အညာဒေသမှာရှိတဲ့ ကန်ကြီးငယ်နဲ့ ဆည်တွေရေဝပြီး ရွာအတွက်သောက်သုံးရေ နဲ့ ကွဲျရေ၊ နွားရေအတွက် စိတ်အေးရပါပြီ။      ဒီမိုးနှောင်းကြောင့် ဆောင်းနှမ်းပင်တွေ မိုးပိမြေကြပ်ခဲ့ပေမဲ့ အသက်ပြင်းတဲ့ ပဲစင်းငုံပင်များအတွက်တော့ အကြိုက်မိုးဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ တတိယပတ်မှာ ဂီရိမုန်တိုင်းနဲ့အတူ မိုးပြတ်ခဲ့ပေမဲ့ ချက်ချင်းဆိုသလို ဆောင်းနှင်း ဓါတ်ကလေးက အအေးဓါတ်ကလေးနဲ့အတူ ဆက်တိုက်ဝင်လာတော့ ပဲစင်းငုံ ပင်တွေရဲ့ထိပ်ဖျားမှာ ရွှေဝါရောင်ပန်းပွင့်တွေ ဆင်မြန်းလာနိုင်ခဲ့ပါတယ်။ ခုတော့ဖြင့် ပဲစင်းငုံပင်တိုင်းမှာ ပန်းပွင့်တွေ၊ သီးနုတွေ၊ သီးရင့်တွေနဲ့ လေယူရာ နွဲ့ပြီး လှချင်တိုင်းလှနေပါ တော့တယ်။ ပခုက္ကူနယ်မှာတော့ နှစ်တိုင်းအတွေ့အကြုံ အရ ဒီဇင်ဘာလဆန်းမှာ ဟိုတစ်စ၊ ဒီတစ်တင်း စပေါ်မှာဖြစ်ပြီး ဒီဇင်ဘာလယ်က စပြီး ဇန်နဝါရီလမှာတော့ မြိုင်မြိုင်ပေါ်မှာဖြစ်ပါတယ်။ အထိအခိုက် ကင်းသလောက် ရှိခဲ့တဲ့အတွက် ယခင်နှစ်တွေထက် အထွက်နှုန်းလည်း ပိုကောင်းမယ်လို့ တောင်သူတိုင်း၊ ကုန်သည်တိုင်းလိုလိုက ထင်မြင်ချက်ပေးပါတယ်။       လက်ရှိပခုက္ကူကုန်စည်ဒိုင်နဲ့ ပွဲရုံအချိုု့မှာတော့ မနှစ်ကပေါ်ခဲ့တဲ့ အဟောင်း ကလေးတွေ အရောင်းအဝယ် ဖြစ်ကြပါတယ်။ ယခုနိုဝင်ဘာလဆန်းမှ လလယ် အတွင်းမှာ တစ်တင်းကို ၁၆၆ဝဝ ကျပ်၊ ၁၇ဝဝဝ ကျပ်နဲ့ ၁၅၇ဝဝ ကျပ် အတွင်း လက်ကျန်အိတ်အနည်းငယ်ပဲ အရောင်းအဝယ် ဖြစ်ကြတာ တွေ့ရပါတယ်။ ရှေ့လမှာထွက်ပေါ်တော့မဲ့ ပဲစင်းငုံအသစ်များကိုလည်း ဝိသမလောဘသား ကုန်သည်အချို့ရဲ့ ဈေးကစားမှု ကင်းလွတ်ပြီး ဈေးကွက်နဲ့လျော်ညီတဲ့ ဖြစ်သင့်ဖြစ် ထိုက်တဲ့ဈေးနှုန်းနဲ့အတူ ထွက်ပေါ်လာနိုင်ပါစေလို့ ဆုတောင်းနေမိပါတယ်။                                         မောင်မောင်အေး