Main menu

Background

ပြည်တွင်းငွေကြေးဈေးကွက်အရောင်းအဝယ်အေး

Tue, 08/06/2024 - 13:30 -- journal_editor

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို စဉ်ဆက်မပြတ် ထိန်းချုပ်လျက်ရှိရာ လက်ရှိ ပြည်တွင်းငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ် အေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်များအား ဘဏ်လုပ်ငန်းလိုင်စင် ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပေဒ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊မရှိ စောင့်ကြည့် ကြပ်မတ်ကွပ်ကဲလျက်ရှိကြောင်း၊ ဘဏ်များကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ် လုပ်ငန်းဝန်ဆောင်မှုဖြစ်သော စုဆောင်းအပ်နှံငွေအမျိုးမျိုးလက်ခံပြီး နိုင်ငံတော်၏ စီးပွားရေးအတွက် အရေးကြီးကဏ္ဍများကို ချေးငွေအမျိုးမျိုးထုတ်ချေးခြင်း၊ ဒစ်ဂျစ် တယ်နည်းလမ်းများဖြင့်  ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေး ကဏ္ဍအတွက် ငွေကြေးထောက်ပံ့ခြင်း၊ နိုင်ငံတကာဘဏ်များနှင့် ငွေပေးချေမှုများ ဆောင်ရွက်ခြင်း စသည့် ဘဏ်ဝန် ဆောင်မှုများစွာ ပံ့ပိုးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်တွင်းသို့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက်  င်္ထ ွှမေိငညါ ဏူအေ်သမာ မှတစ်ဆင့် နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်း ပေးလျက်ရှိသည်။ လက်ရှိတွင်လည်း နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (ဗီ)လိုင်စင်ရ ဘဏ်များမှလည်း  ငွေလဲကောင်တာများတွင် မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ရောင်းဝယ်ခွင့်ပြုထားသည့် ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်၊ တရုတ်ယွမ်နှင့် ဂျပန်ယန်းနိုင်ငံခြား ငွေကြေးတို့အား ပုံမှန်ရောင်း ဝယ်လျက်ရှိကြောင်း သိရသည်။

က ိုတိုး