အောက်တိုဘာ တတိယပတ်ထက် နိုဝင်ဘာ တတိယပတ် အိန္ဒိယမတ်ပဲဈေးပိုလာ အိန္ဒိယပြည်တွင်းဈေးကွက်တွေကို မိုးပဲအသစ်တွေ ဝင်ရောက်လာနေပေမဲ့ အောက်တိုဘာ တတိယပတ် ပေါက်ဈေးထက် နိုဝင်ဘာ တတိယပတ်မှာ မတ်ပဲဈေးပိုလာခဲ့ပါတယ်။ မြန်မာနိုင်ငံကလည်း တင်သွင်းပဲများ ပုံမှန်ရောင်းချ နေတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ပထမပတ်အတွင်းက မတ်ပဲအဓိကစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးအဆက်မပြတ်ရွာသွန်းလို့ မတ်ပဲ အချို့ပျက်စီးမှုရှိတာကြောင့် ဝင်ရောက်မှုလျော့ကျလာခဲ့သလို ဝင်လာတဲ့ပဲများကလည်း အရည်အသွေး နိမ့်တယ်လို့ သိရပါတယ်။ ကာလတူဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C&F)၁၈-၁၁-၁ဝ ၉၅၂ ၁၁၄ဝ-၁ဝ၅ဝ၁၈-၁ဝ-၁ဝ ၉၃၈ ၁ဝဝဝ-၁ဝ၁ဝ MIRT(MAPT)
Background