Main menu

Background

ဟင်္သာတမတ်ပဲဈေးအေးသော်လည်း တင်ပို့မှု ပိုလာ

Tue, 11/23/2010 - 04:13 -- Anonymous (not verified)

ဟင်္သာတမတ်ပဲဈေးအေးသော်လည်း တင်ပို့မှု ပိုလာ   ဟင်္သာတရဲ့ မတ်ပဲဈေးကွက်က အနည်းငယ်အေးလာပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၆၂ဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအပတ်မှာ ၂၆ဝဝဝ ကျပ်ဈေးကို အေးလာပါတယ်။ ပဲအရောင်းအဝယ်ဖြစ်မှုမှာ ဒေသတွင်း အရောင်းအဝယ်ဖြစ်မှုရှိနေပြီး ယခုတစ်ပတ်အတွင်း နေ့စဉ် အိတ် ၄ဝဝ မှ ၅ဝဝ ထိ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်သို့ နေ့စဉ်ဖြစ်ပေါ်နေသော ဈေးများနဲ့ တစ်တင်းခွဲဝင်အိတ် ယခင်တစ်ပတ် ၅ဝဝ တင်ပို့ခဲ့ရာမှ ယခုအပတ်မှာ အိတ် ၈ဝဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                                           အေးအေးခိုင်