Main menu

Background

၂၀၂၅ ခုနှစ်၌ ဆီအုန်းမှ ဇီဝလောင်စာ ထုတ်လုပ်မှုကို တိုးမြှင့်ရန် အင်ဒိုနီးရှားစီစဉ်

Tue, 08/06/2024 - 15:37 -- journal_editor

ကမ္ဘာ့စားအုန်းဆီ အများဆုံးထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီ ၃၅ ရာခိုင်နှုန်းခန့် (ြ၃၅) ကို ဇီဝဒီဇယ်အဖြစ် ရောနှောအသုံးပြု လျက်ရှိရာမှ လာမည့် ၂၀၂၅ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်း (ြ၄၀) အထိရော နှော၍ လောင်စာဆီအဖြစ် အသုံးပြုရန် စမ်းသပ်နေသည်ဟု အင်ဒိုနီးရှား စွမ်းအင်ဝန်ကြီးဌာနက ပြော ကြားကြောင်း ွှ့န နါိန ြေူပျေငေ  သတင်း ဌာနက ဇူလိုင် ၂၄ ရက်တွင် ဖော်ပြထားသည်။ 
စားအုန်းဆီ ၃၅ ရာခိုင်နှုန်းခန့်ကို ဇီဝဒီဇယ်အဖြစ် ရောနှောအသုံး ပြုခြင်းအစီအစဉ် ြ၃၅ အရ ၂၀၂၄ ခုနှစ်တွင်သုံးစွဲရန်ခန့်မှန်းထားသည့် ပမာဏမှာ ကီလိုလီတာပေါင်း ၁၃ သန်းခန့်သာဖြစ်ပြီး ြ၄၀ အစီအစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက လာမည့် ၂၀၂၅ ခုနှစ် တွင် ကီလိုလီတာပေါင်း ၁၆ သန်းအထိ လိုအပ်မည့်ပမာဏ တိုးမြှင့်နိုင်မည်ဟု စွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း၊ ြ၄၀ အစီအစဉ်အတွက် စမ်းသပ်အသုံးပြုမှုကာလကို ဒီဇင်ဘာလ၌ အပြီးသတ်လျက် အပြည့်အဝ အကောင်အထည်ဖော်ခြင်းကို ၂၀၂၅ ခုနှစ်တွင် ဆက်လက်ဆောင်ရွက် နိုင်ရန် မျှော်လင့်ထားသည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ ျြ. နညငပေ ူငျအငညေင ီနတင က ပြောကြားခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှား ဇီဝလောင်စာဆီ ထုတ်လုပ်သူများအသင်း Indonesian Biofuel Producers Association-APROBI)) မှ အထွေထွေအတွင်းရေးမှူး မြ. နမညနျအ ွကညတေညေ က အင်ဒိုနီးရှား  ဆီအုန်းလုပ်ငန်းနယ်ပယ်သည် တပ်ဆင်ထားသော စက်စွမ်းအားအရ လက်ရှိကာလတွင် ကီလိုလီတာ ပေါင်း ၁၈ သန်း ထုတ်ပေးလျက်ရှိရာမှ လာမည့်နှစ်တွင် စုစုပေါင်း ကီလို လီတာ သန်း ၂၀ အထိ နှစ်စဉ် တိုးမြှင့်ထုတ်လုပ်နိုင်ဖွယ်ရှိသဖြင့် ြ၄၀ အစီ အစဉ်၏ ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိကြောင်း၊ သို့သော် ၎င်း လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ကုန်ကြမ်းပစ္စည်း ပိုမိုလိုအပ်လာမည် ဖြစ်ကြောင်းဖြင့် ရိုက်တာ (ျွနကအနမျ) သတင်းဌာနသို့ ပြောဆိုထားသည်။ 
၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ ထုတ်လုပ်မှုသည် ယခင်နှစ်ကထက် ၂ဒသမ၂၆ ရာခိုင်နှုန်း တိုးတက်လျက် တန်ချိန် ၅၄ ဒသမ ၄ သန်းသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ဇီဝဒီဇယ်ထုတ်လုပ်ရေး လျာထားချက်အရ ပြည်တွင်း၌ စားအုန်းဆီအသုံးပြုမှု မြင့်တက်လာခြင်း ကြောင့် တင်ပို့မှုအနေဖြင့် ၂ ဒသမ ၄၇ ရာခိုင်နှုန်းကျဆင်းလျက် တန်ချိန် ၂၉ ဒသမ၅ သန်းခန့်သာရှိနိုင်ကြောင်း ရေးသားဖော်ပြသည်။ 
အင်ဒိုနီးရှား စွမ်းအင်ဝန်ကြီးဌာနသည် စားအုန်းဆီ ၄၀ ရာခိုင်နှုန်း နှင့်  ရောနှောထားသည့် ဇီဝဒီဇယ်ကို ယခုသီတင်းပတ် အစောပိုင်းတွင် ရထားများ၌ ပထမဆုံးအကြိမ် စမ်းသပ်အသုံးပြုခဲ့ကြောင်း၊ ထပ်မံ၍ စိုက် ပျိုးရေးသုံး စက်ယန္တရားများ၊ ဓာတ်အားပေးစက်ရုံများနှင့် သင်္ဘောများတွင် စားအုန်းဆီ ၄၀ ရာ ခိုင်နှုန်းနှင့် ရောနှောထားသည့် ဇီဝဒီဇယ် B40)) အား စမ်းသပ်အသုံးပြုရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

Source: The Edge Malaysia, 24th July 2024 
D Thi, DOCA