Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီး ယခုနှစ် ကုလားပဲ ပိုစိုက်မည်မှန်း

Tue, 11/23/2010 - 05:01 -- Anonymous (not verified)

 စစ်ကိုင်းတိုင်းဒေသကြီး ယခုနှစ် ကုလားပဲ ပိုစိုက်မည်မှန်း    စစ်ကိုင်းတိုင်းဒေသကြီးမှာ ယခုနှစ် ကုလားပဲစိုက်ပျိုးရန် လျာထား ဧက မှာ ၃ ဒသမ ၆၈ သိန်း ဖြစ်ပြီး နိုဝင်ဘာ ပထမပတ်ထိ ဧက ဝ ဒသမ ၉၅ သိန်းစိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိကုလားပဲတစ်တင်း ပေါက်ဈေးမှာ ၂၅ဝဝဝ ကျပ်၊ ၂၆ဝဝဝ ကျပ်ဈေးရှိနေပြီး ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် တစ်တင်း ၇ဝဝဝ ကျပ်နီးပါး ပိုမိုပြီးဈေးကောင်းခဲ့တဲ့အတွက် တောင်သူအများစုကတော့ ယခုနှစ်မှာ ပိုစိုက်ဖို့ မိုျးစေ့များကို ဝယ်ယူစုဆောင်း နေတာကို တွေ့ရပါတယ်။ စိုက်ပျိုးကာလကလည်း ဒီဇင်ဘာအထိ စိုက်ပျိုးနိုင်တဲ့အတွက် ယခုနှစ်မှာ ကုလားပဲကို အခြားသီးနံှများထက် ပိုစိုက်နိုင်မယ်လို့ တောင်သူတချို့က သုံးသပ် ကြပါတယ်။                                                    အောင်မင်း