Main menu

Background

မန်းကုလားပဲပစ္စည်းလက်ကျန်နည်းလာချိန်ဝယ်အားကောင်းလာ

Tue, 11/23/2010 - 05:05 -- Anonymous (not verified)

မန်းကုလားပဲပစ္စည်းလက်ကျန်နည်းလာချိန်ဝယ်အားကောင်းလာ     မန်းဈေးကွက်အတွင်း ကုလားပဲကို ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်များက ဝယ်လိုအားကောင်းနေတဲ့ အတွက် အရောင်းအဝယ်သွက်နေတာကို တွေ့ရပါတယ်။ ယခင်တစ်ပတ်က မျိုးစိုက်ပျိုးမဲ့ တောင်သူများ ဝယ်လိုအားကြောင့် ဈေးမြင့် ခဲ့ပေမဲ့ ယခုတစ်ပတ်မှာတော့ ပဲခွဲစက်လုပ်ငန်းများမှသာ အဓိကဝယ်ယူနေတာ ကြောင့် ဈေးအနည်းငယ်အေးသွားတာတွေ့ရပါတယ်။ ယခင်တစ်ပတ်မှာ ကုလားပဲ ဖြူကြီး တစ်ပိဿာ ၁၃၆၂ ကျပ်၊ တစ်တန် ၈၃၄ဝဝဝ ကျပ်၊ ကုလားပဲတိုင်ပေ တစ်ပိဿာ ၁၂၉၈ ကျပ်၊ တစ်တန် ၇၉၄၈၈ဝ ကျပ်တို့နဲ့ ရောင်းဝယ်ခဲ့ကြပြီး ယခုတစ်ပတ်မှာတော့ ကုလားပဲဖြူကြီး တစ်ပိဿာ ၁၃၁ဝ ကျပ်၊ တစ်တန် ၈ဝ၂၂၃ဝ ကျပ်၊ ကုလားပဲတိုင်ပေ တစ်ပိဿာ ၁၂၂၇ ကျပ်၊ တစ်တန် ၇၅၁၄ဝဝ ကျပ်တို့နဲ့ ရောင်းဝယ်နေကြပြီး ဈေးကွက်အတွင်း ပစ္စည်းလက်ကျန်နည်းလာသလို စက်သမားများ ဝယ်လိုအား ကောင်းနေတဲ့အတွက် ဈေးသိပ်မအေးနိုင်ဘူးလို့ ကုန်သည်များက ပြောကြောင်း သိရပါတယ်။ ကျော်ကျော်မိုး