Main menu

Background

ပွဲတော်ကြောင့် အိန္ဒိယကုလားပဲဈေးအေးပေမဲ့ ကြိုပွိုင့်ဈေးမြင့်

Tue, 11/23/2010 - 05:32 -- Anonymous (not verified)

ပွဲတော်ကြောင့် အိန္ဒိယကုလားပဲဈေးအေးပေမဲ့ ကြိုပွိုင့်ဈေးမြင့်             အိန္ဒိယနိုင်ငံ အဓိကဈေးကွက်များမှာ ပွဲတော်ကြောင့် အချို့ဈေးများ ပိတ်ကာ အရောင်းအဝယ်နည်းတဲ့အတွက် ကုလားပဲဈေးအေးလာတယ်လို့ သိရပါတယ်။ အချို့ဈေးများ ပြန်ဖွင့်ကြပေမဲ့ ရောင်းသူရောဝယ်သူပါ နည်းနေသေးတာ ကြောင့် ကုလားပဲတစ်တန်ကို ရူပီး ၂၃ဝဝဝ-၂၃၁ဝဝ (ကန်ဒေါ်လာ ၅ဝ၆-၅ဝ၈) မှာ ငြိမ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အချို့ပြည်နယ်များမှာ ရာသီမဟုတ်ဘဲ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ဈေးကွက်တွေကို ကုန်စည်ဝင်ရောက်မှုဟာလည်း ယခင် ရက်ထက်ကျဆင်းခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ ကြိုပွိုင့်ဈေးကွက်မှာတော့ လက် ထပ်ရာသီအတွက် ဝယ်လိုအားတက်မယ့် အလားအလာရှိတာကြောင့် နိုဝင်ဘာလ ၁၈ ရက်မှာတော့ နိုဝင်ဘာပို့ရမယ့် ကုလားပဲကြိုပွိုင့်ဈေး တစ်တန်ကို ရူပီး ၃၆ဝ (ကန်ဒေါ်လာ ၇ ဒသမ ၉၂) တိုးကာ ရူပီး ၂၃၃၅ဝ (ကန်ဒေါ်လာ ၅၁၄) ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။           ကုလားပဲစိုက်ပျိုးပြီးစီးမှုအနေနဲ့ နိုင်ငံမြောက်ပိုင်းမှာ ၂ဝ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ပြီး၊ တောင်ပိုင်းမှာ ၈ဝ ရာခိုင်နှုန်း ပြီးစီးပြီလို့ သိရပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ ကုလားပဲထက် အကျိုးအမြတ်ပိုရတဲ့ ပဲနီလေးကို ပိုစိုက်လာ တာကြောင့် ကုလားပဲစိုက်ပျိုးမှုအနေနဲ့ ယခင်နှစ်ကာလတူထက် ၂ဝ ရာခိုင်နှုန်း ကျဆင်းနေတယ်လို့သိရပါတယ်။ နိုင်ငံ တောင်ပိုင်းမှာ မိုးအဆက်မပြတ် ရွာသွန်းနေ တာကြောင့် စိုက်ပျိုးထားတဲ့ ကုလားပဲ ၁ဝ ရာခိုင်နှုန်းခန့် ပျက်စီးတယ်လို့ ခန့်မှန်း ကြပါတယ်။ ယမင်းးခင်၊်၊Source: commodityonline