ပဲအသစ်မပေါ်မီ ပဲလွန်းဖြူ၊ ပဲယင်း လက်ကျန်အနည်းငယ်စီတင်ပို့ အခြားပဲအုပ်စုထဲမှာပါတဲ့ ပဲလွန်းဖြူ၊ ပဲယင်းလက်ကျန်များ ကုန်သည်လက်ထဲမှာ တော်တော်နည်းလာပြီ ဖြစ်လို့ ပြည်ပတင်ပို့မှုမှာလည်း တော်တော်လေးလျော့လာတာတွေ့ရပါတယ်။ ပဲအသစ်တွေက ဇန်နဝါရီလဆန်း လောက်ဆို ပေါ်တော့မှာဖြစ်ပြီး ပဲအသစ်မပေါ်မီ ယခုတစ်ပတ် နိုဝင်ဘာလ ၁၁ ရက်မှ ၁၆ ရက်အတွင်း ပဲလွန်းဖြူ ၄၈ တန်နဲ့ ပဲယင်း ၄၈ တန်စီ ပင်လယ်ရေကြောင်းက တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့နိုင်တဲ့ နိုင်ငံတွေကတော့ မလေးရှားနဲ့ ကိုရီးယားတို့ဖြစ် ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ နိုဝင်ဘာလ ၁၈ ရက်မှာ ပဲလွန်းဖြူ (FAQ )တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ နဲ့ ှ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ဖြစ်ပြီး၊ ပဲယင်းတစ်တန်ကို ကန်ဒေါ်လာ ၆၇၅-၆၈၅ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
Background