Main menu

Background

စတော့ရှယ်ယာတန်ဖိုးကျပ်သန်း ၁၃၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့

Mon, 11/04/2024 - 13:17 -- journal_editor

  ပြီးခဲ့သည့် သြဂုတ်လနှင့် စက်တင်ဘာလ နှစ်လတာကာလအတွင်း  စာရင်းဝင် ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၁၃၀ဝ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း YSX) မှ သိရသည်။ 
    အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သည့် ရှယ်ယာ အစောင်ရေ စုစုပေါင်း ၄၉၆၃၅၆ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၁၃၉ဒသမ ဝ၉၉ သန်းရှိခဲ့ခြင်း ဖြစ်သည်။ 
    ယင်းနှစ်လတာကာလအတွင်း ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချ နိုင်မှုအနေဖြင့်First Myanmar Investment(FMI) က အစုရှယ်ယာ ၂၃၀ဝ၇ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၀၄ ဒသမ ၅၄ သန်း၊ Myanmar Thilawa SEZ Holdings Public (MTSH)က အစုရှယ်ယာ ၁၃၂၁၀၄ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄၅၈ ဒသမ ၆၁ သန်းရရှိခဲ့ကြောင်း သိရသည်။
    အလားတူ မြန်မာနိုင်ငံသားများဘဏ် MCB) က အစုရှယ်ယာ ၃၄၇၆ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ်၂၉ ဒသမ ၈၈ သန်း၊ ပထမပုဂ္ဂလိကဘဏ် (င်္ဏြ) က အစုရှယ်ယာ ၂၃၆၆၀၂ စောင်ရောင်း ချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄၂၇ ဒသမ ၈၆ သန်းရရှိခဲ့သည်။
    ထို့အတူTMH Telecom Public(TMH)က အစုရှယ်ယာ ၁၃၃၃၂၁ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃၇ဒသမ ၂၇၁ သန်း၊ Ever Flovw River Group Public(EFR) က အစုရှယ်ယာ ၄၁၉၉၃ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၇၂ ဒသမ ဝ၄၈ သန်းရရှိခဲ့သည်။

ကိုတိုး