Main menu

Background

ရွှေနှင့်အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေတင်ပြခြင်း

Mon, 11/04/2024 - 13:30 -- journal_editor

ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေး သည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရ သည်။ ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၂၄ ရက်တွင် ရွှေ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၇၃၇ ဒေါ်လာ ပေါက် ဈေးရှိခဲ့ရာမှ အောက်တိုဘာ ၂၉ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၇၅၄ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရ သည်။ ပြည်တွင်းရွှေဈေးသည်လည်း အောက်တိုဘာ ၂၄ ရက် တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၆၅၀ဝ၀ဝ ပေါက် ဈေးရှိခဲ့ရာမှ အောက်တိုဘာ ၂၉ ရက်တွင် ကျပ် ၆၄၀ဝ၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရ သည်။
Trading Economics တွင် ဖော်ပြချက်အရ မြန်မာနိုင်ငံ တွင်GDP သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင်USD ၆၄ ဒသမ ၇၅ ဘီလီယံရှိလာရန် မျှော်မှန်းထားကြောင်း Trading Economics global macro model နှင့် ဆန်းစစ်လေ့လာသူများ၏ ခန့်မှန်းချက် အရ သိရသည်။Econometric Modeel အရ မြန်မာနိုင်ငံ၏ GDP သည် ၂၀၂၅ ခုနှစ်တွင်USD ၆၆ ဒသမ ဝ၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင် ှီ့ ၆၇ ဒသမ ၃၇ ဘီလီယံဝန်းကျင်ရှိမည်ဟု ခန့်မှန်း ထားကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် ( GDP) ၏ စက်တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု  GDP) တိုးတက်မှုနှုန်းသည် ၂ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက် ွီဏ တိုးတက် မှုနှုန်းသည် ၃ ဒသမ ၂ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း ခန့် မှန်းထားသည်ကို တွေ့ရသည်။ ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအား ပြောင်းလဲမှုပေါ်လိုက်၍ အောက်တိုဘာ ၂၄ ရက်မှ အောက်တိုဘာ ၂၉ ရက်ထိ ရက်သတ္တပတ်အတွင်း ကျပ် ၄၆၄၀- ၄၆၅၀ ကြား ရှိနေကြောင်း သိရသည်။