Main menu

Background

ရွှေကျွန်းနဲ့ ကမ်းနား အရောင်းအဝယ်သွက်နေတဲ့ ပြည်ပဲကြီးဈေးကွက်

Tue, 11/23/2010 - 05:59 -- Anonymous (not verified)

ရွှေကျွန်းနဲ့ ကမ်းနား အရောင်းအဝယ်သွက်နေတဲ့ ပြည်ပဲကြီးဈေးကွက်        ပြည်ပဲကြီး ( ရွှေကျွန်းနဲ့ ကမ်းနား) မှာ ယခင်တစ်ပတ်ထက် ဆက်လက်ဈေးမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ပဲကြီး (ကမ်းနား) တစ်တင်းကို ၃၁၅ဝဝ ကျပ်သာရှိခဲ့ပြီး၊ ယခုနိုဝင်ဘာလ တတိယပတ်အတွင်းမှာတော့ ပဲကြီး (ကမ်းနား)တစ်တင်းကို ၃၂ဝဝဝ ကျပ်ထိ ဈေးမြင့်တက်လာကာ ပဲကြီး (ရွှေကျွန်း) မှာတော့ တစ်တင်းကို ၃၄ဝဝဝ ကျပ်ထိ ဈေးမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း ပဲကြော်ဖို များမှ ပဲကြီးကမ်းနားသာမက ရွှေကျွန်းပါ အဝယ်လိုက်လာတဲ့အတွက် ယခင်တစ်ပတ်ဈေးထက် ဈေးမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ပဲကြီး (ကမ်းနား) မှာ တစ်နေ့ကို အိတ် ၁၅ဝ-၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပဲကြီး (ရွှေကျွန်း)မှာတော့ တစ်နေ့ကို အိတ် ၁ဝဝ ခန့် အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။                                                                                          ခင်ဆွေဝင်း