Main menu

Background

လက်ကျန်ပြတ်သွားပေမယ့် ဈေးဖွင့်ထားတဲ့ ပြည်ထောပတ်ပဲ

Tue, 11/23/2010 - 06:04 -- Anonymous (not verified)

  လက်ကျန်ပြတ်သွားပေမယ့် ဈေးဖွင့်ထားတဲ့ ပြည်ထောပတ်ပဲ     ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတွင် ကောက်စောစပါးများ ရိတ်သိမ်းပြီး ဆောင်းသီးနံှပဲမျိုးစုံများကိုလည်း စတင် စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနံှတစ်မျိုးဖြစ်တဲ့ ထောပတ်ပဲကိုလည်း တောင်သူများ စတင်စိုက်ပျိုးနေပြီဖြစ်လို့ နိုဝင်ဘာလ လယ်အထိ ဧက ၅၅ဝ ကျော်စိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ ထောပတ်ပဲမှာ ယခုနှစ်အတွင်း တစ်တင်းကို ၂၄ဝဝဝ ကျပ်မှ ၂၆၅ဝဝ ကျပ်ထိဈေးမြင့်လာခဲ့ပြီး ပဲလက်ကျန်ပြတ်သွားချိန်မှာလည်း ဈေးအမြင့်နဲ့ ဈေးကွက် ပျောက်သွားတယ်လို့ သိရပါတယ်။     လက်ကျန်ပြတ်ပြီး ဈေးကွက်ပျောက်နေပေမယ့် ပိဿာ ၂ဝ တစ်တင်းကို ၂၈ဝဝဝ ကျပ်ဖြင့် ယခုနိုဝင်ဘာလ တတိယပတ်ထိဈေးဖွင့်ထားကြောင်း သိရှိရပါတယ်။                                 ခင်ဆွေဝင်း