Main menu

Background

ဒီဇယ်ပီပါ သုံးသိန်းနှစ်သောင်းကျော်ဝင်

Tue, 11/23/2010 - 06:31 -- Anonymous (not verified)

ဒီဇယ်ပီပါ သုံးသိန်းနှစ်သောင်းကျော်ဝင်       ပြည်တွင်းလုပ်ငန်းသုံး၊ စက်ရုံသုံး စက်သုံးဆီများကို ပင်လယ်ရေကြောင်းလမ်းကနေ နိုဝင်ဘာ ၈ ရက်မှ ၁၄ ရက်တာကာလအတွင်း ဒီဇယ်ပီပါ သုံးသိန်းနှစ်သောင်း ကျော်၊ တန်ချိန်အားဖြင့် လေးသောင်းသုံးထောင်ကျော်ကို တင်သွင်းခဲ့ပါတယ်။       ယခင်သီတင်းပတ် ဒီဇယ်ဆီအဝင်တန်ချိန် တစ်သောင်းခုနစ်ထောင်ကျော် ရှိခဲ့ပြီး ယခုသီတင်းပတ်တွင်း ဒီဇယ်အဝင်တန်ချိန် လေးသောင်းသုံးသောင်းကျော် ရှိခဲ့တာကြောင့် အဝင်တန်ချိန် သုံးဆနီးပါး ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။      MIRT-DOTဒီဇယ်ဆီတင်သွင်းမှု သိသိသာသာပို        နိုဝင်ဘာလ ၁ဝရက်မှ ၁၆ ရက်ထိကာလအတွင်းနယ်စပ်စခန်းများမှ ဓာတ်ဆီ နဲ့ ဒီဇယ်ဆီတင်သွင်းမှုများ ပိုမိုခဲ့ပါတယ်။ ဓာတ်ဆီ ၇၅၂၅ဝ ဂါလန် ကန်ဒေါ်လာ ၁၃၈၉ဝ၅ ဖိုး တာချီလိတ်နယ်စပ်မှ တင်သွင်းမှုရှိခဲ့ပြီး ဒီဇယ်ဆီကိုတော့ ကန်ပိုက်တီး၊ တာချီလိတ်နဲ့ ကော့သောင်းနယ်စပ်များမှာ ၂၆၄ဝ၂ဝဂါလန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၂၆၆ဝဝ ကျော်ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီ ဂါလန် ၃၅၂ဝ နဲ့ ဒီဇယ်ဆီ ၁ဝ၈၉၅၂ ဂါလန် တင်သွင်းမှု ပိုမိုတင်သွင်းနိုင်ခဲ့ပြီး သဘာဝဓာတ်ငွေ့ရည် တင်သွင်းနိုင်ခြင်းတော့ မရှိပါဘူး။ မိမိဘက်မြေပြင်ပေါက်ဈေး ကတော့ ဒီဇယ်ဆီ ၁ ဂါလန် ၂၃၅၂ ကျပ်နဲ့ ဓာတ်ဆီ ၁ ဂါလန် ၂၃ဝဝ ဈေးပေါက် လျက်ရှိရာ ပုံမှန်အနေအထားမှာ ရှိနေသော်လည်း ပို့ကုန်သွင်းကုန် စီးဆင်းမှုများတဲ့ အတွက် ရောင်းအားသွက်လျက်ရှိနေတယ်လို့ တာချီလိတ် နယ်စပ်ကုန်သည် အသင်းမှ သတင်းရရှိပါတယ်။ MIRT (DOBT) လက်လီအရောင်းအဝယ်ဈေး         ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-                                                                                                                            နိုဝင်ဘာ ၂ဝ၁ဝ         ဝယ်ဈေးဓာတ်ဆီ(ကျပ်)    ဝယ်ဈေးဒီဇယ်(ကျပ်)ရက်     ရန်ကုန်    မန္တလေး         ရန်ကုန်    မန္တလေး၁၅       ၃၂ဝဝ    ၃၃ဝဝ            ၂၈ဝဝ     ၂၉ဝဝ၁၆       ၃၂ဝဝ    ၃၃ဝဝ           ၂၈ဝဝ      ၂၉ဝဝ၁၇       ၃၃ဝဝ    ၃၃ဝဝ           ၂၈ဝဝ     ၂၉ဝဝ၁၈       ၃၃ဝဝ    ၃၃ဝဝ          ၂၈ဝဝ     ၂၉ဝဝ၁၉       ၃၃ဝဝ    ၃၃ဝဝ          ၂၈ဝဝ     ၂၉ဝဝMIRT-DOT