Main menu

Background

အိန္ဒိယရဲ့ ဝယ်လိုအားမြင့်မှုကြောင့် ရွှေဈေးမြင့်ခဲ့

Tue, 11/23/2010 - 06:38 -- Anonymous (not verified)

 အိန္ဒိယရဲ့ ဝယ်လိုအားမြင့်မှုကြောင့် ရွှေဈေးမြင့်ခဲ့     ၂ဝ၁ဝ ခုနှစ် တတိယလေးလပတ်ကာလအတွင်း အိန္ဒိယရဲ့ ယခင်နှစ်အလား တူကာလက အဝယ်တန်ချိန် ၁၃၅ တန်ကျော်ရှိခဲ့ပြီး ဒီနှစ်ကာလမှာ ၁၈၄ တန်ကျော် ဝယ်ခဲ့တဲ့အတွက် ဝယ်လိုအားသာလွန်ခဲ့ကြောင်း သိရပါတယ်။ ဒီလိုသာလွန်ခဲ့ ကြောင့် နိုဝင်ဘာလ ၉ ရက်နေ့ ကမ္ဘာ့ရွှေဈေးအမြင့်တန်း ရောက်ခဲ့မှုကို ပံ့ပိုးခဲ့ ကြောင်း ကမ္ဘာ့ရွှေကောင်စီက သုံးသပ်ဖော်ပြခဲ့ပါတယ်။     နိုဝင်ဘာလ ၁၇ရက်မှာတော့ ဒေါ်လာရဲ့ တစ်ကျော့ပြန် အနည်းငယ် ခိုင်မာမှုနဲ့ ဥရောပဇုန် စီးပွားရေးဖိအားများအပေါ် ပူပန်မှုတွေ လျော့ပါးသွားမယ်လို့ ထင်မြင်ယူဆချက်တွေပေါ်လာပြီး ရွှေဈေး အနိမ့်ပိုင်းပြန်ရောက်ခဲ့ပါတယ်။ စင်ကာ ပူဈေးကွက်မှာ ဒီဇင်ဘာလအရောက်ပို့ ရွှေဈေးက တစ်အောင်စကို ကန်ဒေါ်လာ ၁၃၅၆ ဒသမ ၈၁ နဲ့စာချုပ်ခဲ့ပြီး သုည ဒသမ ၇ ရာခိုင်နှုန်းဈေးကျခဲ့ပါတယ်။ ငွေ ဈေးကတော့ သုည ဒသမ ၈ ရာခိုင်နှုန်းအတက်နဲ့ တစ်အောင်စကို ကန်ဒေါ်လာ ၂၅ ဒသမ ၆၇၁ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ သုံးသပ်သူများက ဥရောပဇုန် အဖွဲ့ဝင် အိုင်ယာလန်နိုင်ငံဘက်က နိုင်ငံရဲ့ဘဏ္ဍာရေးအခြေအနေကောင်းကြောင်း အချက်ပြ ပြောဆိုမှုတွေ ရရှိခဲ့ပြီးနောက်မှာ ဒေါ်လာဈေးက သုည ဒသမ ၂ ရာခိုင်နှုန်း ပြန်လည်ဈေးမာခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန်ဒေါ်လာနဲ့ ရွှေက အမြဲတမ်း ပြောင်းပြန်ဆက်စပ်နေတာမို့ ဒီနှစ်အတွင်း ဒေါ်လာအားပျော့မှုကြောင့် ရွှေဈေး ၂၄ ရာခိုင်နှုန်းခန့် ဈေးမြင့်ခဲ့ရပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့က ၁၄၂ ဒသမ ၆၈ ဒေါ်လာနဲ့ မှတ်တမ်းတင်မြင့်ခဲ့ပြီးနောက် ဒေါ်လာ အားပြန်ကောင်းမှု ကြောင့် ယခုသီတင်းပတ်အတွင်း သုည ဒသမ ၃ ရာခိုင်နှုန်းဈေးပြန်ကျခဲ့ပါတယ်။          ''အိန္ဒိယရဲ့ ဝယ်လိုအားကလည်း ဒီတတိယလေးလပတ်မှာမြင့်ခဲ့တယ်။ ၂ဝဝ၉ တစ်နှစ်လုံး အိန္ဒိယအနေနဲ့ ၅၅၉ တန် တင်သွင်းခဲ့ပြီး ဒီ ၂ဝ၁ဝ နှစ်မကုန်မီမှာ အဝယ် ၆၂၄ တန်တင်သွင်းပြီး ဖြစ်နေပြီး မနှစ်က အဝယ်ထက်ဈေးမြင့်ခဲ့ပေ မဲ့လည်း အသွင်းပိုခဲ့တယ်။ ဒါကြောင့် အိန္ဒိယရဲ့ ရွှေနဲ့ လက်ဝတ်ရတနာလုပ်ဖို့၊ ရင်းနှီးမြူပ်နံှဖို့ ဝယ်လိုအားက ၃၆ ရာခိုင်နှုန်း တိုးလာခြင်းကြောင့်ပဲ ကမ္ဘာ့ရွှေဈေးက အမြင့်တန်း ၁၄၂၄ ဒေါ်လာကျော်ကို ချဉ်းကပ်ခဲ့ခြင်းဖြစ်တယ်လို့ ကမ္ဘာ့ရွှေကောင်စီ က သုံးသပ်ခဲ့ပါတယ်။                                                                            Source:Bloomberg.com, WWN