Main menu

Background

စိန်များ ပြန်လည်ရောင်းချရာတွင် ရာခိုင်နှုန်းဖြတ်မှု မြင့်တက်လာ

Tue, 11/23/2010 - 06:41 -- Anonymous (not verified)

 စိန်များ ပြန်လည်ရောင်းချရာတွင် ရာခိုင်နှုန်းဖြတ်မှု မြင့်တက်လာ            ရန်ကုန်မြို့ စိန်ဈေးကွက်အတွင်း အရောင်းအဝယ်များ အေးနေသောကြောင့် စိန်ပိုင်ရှင်များမှ စိန်များကို ဆိုင်များသို့ ပြန်လည်ရောင်းချရာတွင် ရာခိုင်နှုန်းဖြတ် မှုများ ယခင်ထက် ပိုမိုမြင့်တက်လာကြောင်း စိန်ရောင်းဝယ်သူတစ်ဦးက ပြောကြား သည်။         ''အရင်က စိန်ပြန်ရောင်းမယ်ဆိုရင် ၃ဝ ရာခိုင်နှုန်းဝန်းကျင်လောက်ပဲ ဈေးနှုန်း ဖြတ်ပြီး ပြန်ဝယ်တယ်။ အခု အရောင်းအဝယ်က မရှိသလောက် အေးနေတော့ ပြန်ရောင်းမယ်ဆိုရင် ၃၅ ရာခိုင် နှုန်းအထိဈေးဖြတ်လာတယ်။ စိန်ဝယ် တဲ့သူတွေ ကလည်း ပြန်ရောင်းတဲ့သူက အရမ်းနည်းပါတယ်။ တချို့ မရောင်းမဖြစ်လိုအပ်နေတဲ့ သူတွေလောက်ပဲ ပြန်ရောင်းနေကြတာ၊ အခု ဆိုင်သမား တော်တော်များများက ဖောက်သည်လည်းမပျက်အောင်၊ တွက်ခြေလည်းကိုက်အောင် ဈေးကိုချိန်ပြီးရောင်း နေကြတာ ဈေးကပြည်ပမှာ တက်နေပေမယ့် ပြည်တွင်းမှာ အရောင်းအဝယ်အေး နေတော့ မတက်ရဲကြဘူး၊ ချိန်ပြီးရောင်းနေရတာ''ဟု ၎င်းကပြောကြားသည်။ ယခုအခါတွင် ဆိုင်သမားအများစုမှာ ပြည်ပတွင် စိန်ဈေးမြင့်တက်ခြင်း၊ ပြည်တွင်းတွင် ဈေးငြိမ်နေခြင်း၊ အရောင်းအဝယ် အေးနေခြင်းများကြောင့် ပြည်ပမှ အသစ်မှာယူမှုနည်းနေပြီး လက်ကျန်စိန်များကိုသာ ရောင်းချလျက်ရှိကြောင်းနှင့် အများစုမှာ စိန်ဈေးကွက် ပြန်လည်ကောင်းမွန်လာရေးကိုသာ မျှော်လင့်နေကြ ကြောင်း သိရသည်။                                                 မင်းသန့်