Main menu

Background

ရွှေဈေးကွက်အတွင်း ပစ္စည်းအဝင်များကာ ဈေးကွက် ခပ်အေးအေးသွားနေ

Tue, 11/23/2010 - 06:45 -- Anonymous (not verified)

 ရွှေဈေးကွက်အတွင်း ပစ္စည်းအဝင်များကာ ဈေးကွက် ခပ်အေးအေးသွားနေ      ရန်ကုန် အခေါက်ရွှေဈေးကွက် အတွင်း မန္တလေးဘက်မှ အခေါက်ရွှေ များ အဝင်များကာ ဈေးကွက် ခပ်အေးအေးဖြင့် သွားနေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။      ''ပြီးခဲ့တဲ့အပတ် နိုဝင်ဘာလ ၈ ရက် ကနေ ၁၃ ရက်အတွင်း ရန်ကုန်ဈေးကွက်မှာ အခေါက်ရွှေဈေး ဖြစ်ပေါ်မှု ဟာ ကမ္ဘာ့ရွှေဈေးနဲ့အတူ လိုက်တက် ခဲ့တဲ့အပြင် ပြည်တွင်းရွှေဈေးက ၁ ကျပ်သားကို ၅ဝဝဝ ကျပ်ခန့် ပိုအမြင့်နဲ့ သွားခဲ့ပါတယ်။ အဲဒါကြောင့် မန္တလေးဘက်က ရွှေအဝင်များခဲ့တယ်။ အရပ် ဝယ်လက်တွေလဲ ရွှေအဝယ်ရှိခဲ့တယ်။ ဒီအပတ်မှာ နိုဝင်ဘာလ ၁၅ ရက်က ၁၉ ရက်အတွင်း ပြီးခဲ့တဲ့အပတ်က ဝင် ထားတဲ့ ရွှေတွေနဲ့ ဈေးကွက်ထဲမှာ လည်ပတ်ရောင်းဝယ်နေကြတယ်။ အခုချိန် အထိ အရပ်ဝယ်လက်က ပြန်ရောင်းတဲ့ အနေအထား မမြင်ရသေးပါဘူး။ ရွှေဈေး ခပ်ငြိမ်ငြိမ်၊ ခပ်အေးအေးမှာ ရှိနေပါတယ်။ ဒီပုံနဲ့ဆို ရွှေဈေးပြန်ဆင်းသွားနိုင်ပါတယ်''ဟု ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ နိုဝင်ဘာလ ၁၈ ရက်က အခေါက် ရွှေ ၁ ကျပ်သားလျှင် ၆၆ဝဝဝဝ- ၆၆၁ဝဝဝ ရှိခဲ့ပြီး၊ ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စ လျှင် ၁၃၄၅-၁၃၅၇ ဒေါ်လာ ဖြစ်ပေါ်လာခဲ့သည်၊                                                                                                   ခင်မျိုးသွယ်