Main menu

Background

စားအုန်းဆီဈေး ဆက်လက် မြင့်တက်ဖွယ်ရှိ

Tue, 11/23/2010 - 07:57 -- Anonymous (not verified)

 စားအုန်းဆီဈေး ဆက်လက် မြင့်တက်ဖွယ်ရှိ         ဈေးကွက်အသီးသီးက ဝယ်လိုအားကောင်းလာတာရယ်၊ ရောင်းချနိုင်မှု လျော့နည်းနိုင်တာရယ်ကြောင့် လာမယ့်နှစ်မှာ စားအုန်းဆီဈေးဟာ တစ်တန်ကို ရင်းဂစ် ၃၆ဝဝ (ကန်ဒေါ်လာ ၁၅ဝဝ ) ထိမြင့်တက်နိုင်တယ်လို့ လေ့လာဆန်းစစ် သူများက ဆိုပါတယ်။ မလေးရှားနိုင်ငံရဲ့ ဇန်နဝါရီပို့ရမယ့်စားအုန်းဆီကြမ်း ကြိုပွိုင့် ဈေးဟာ နိုဝင်ဘာလ ၁၁ ရက်က တစ်တန်ကို ရင်းဂစ် ၃၃၉၆ (ကန်ဒေါ်လာ ၁ဝ၈၅) ဈေးကို ၂ နှစ်ကျော်အတွင်း မကြုံဘူးတဲ့ ဈေးဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်မှာ တော့ ရင်းဂစ် ၃၂၇ဝ (ကန်ဒေါ်လာ ၁ဝ၄၅) နဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။          Bloomberg စာရင်းများအရ စားအုန်းဆီဈေးဟာ စက်တင်ဘာလ အစောပိုင်းကစပြီး ၂၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာမှာ ဒုတိယမြောက် အများဆုံး ထုတ်လုပ်တဲ့ မလေးရှားမှာ မိုးရွာသွန်းမှုများလို့ စားအုန်းဆီ ရောင်းချမှုနည်းသွားတာကြောင့် ဈေးမြင့်တက်ခဲ့ခြင်းဖြစ်တယ်လို့ ကျွမ်းကျင်ရှင် များက ဆိုပါတယ်။ ကာလတိုအတွင်း တစ်တန်ကို ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၅၉) ဈေးနဲ့ ရှိနိုင်တယ်လို့ Kim Eng သုတေသနမှ လေ့လာဆန်းစစ်ပညာရှင် Rohan Suppiah   က ပြောကြားပါတယ်။           လာမယ့်နှစ် ဈေးနှုန်းစံချိန်တင်ဖွယ်ရှိခြင်းဟာ ဆီသန့်စင်သူများကို ထိခိုက် စေနိုင်တယ်လို့ စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်အထူးပြုပညာရှင်  Mr Leon Perera က ပြောကြားပါတယ်။ ဘာကြောင့်လည်းဆိုရင် ထုတ်လုပ်စရိတ်က ဈေးမြင့် နေပြီ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။ တရုတ်နဲ့ အိန္ဒိယက စားအုန်းဆီကြမ်း ဝယ်လိုအား ဆက်ကောင်းနိုင်ဦးမယ်လို့ ဆိုပါတယ်။ ယုဇန၊Sources: oilworld