Main menu

Background

ပြည်တွင်းလက်ကျန်အခြေအနေကြောင့် နှမ်းတင်ပို့မှု လျော့ကျလာ

Tue, 11/23/2010 - 08:17 -- Anonymous (not verified)

ပြည်တွင်းလက်ကျန်အခြေအနေကြောင့် နှမ်းတင်ပို့မှု လျော့ကျလာ             ပြည်တွင်းဈေးနှုန်းနဲ့ တစ်ဖက်နိုင်ငံဈေးများ သိသိသာသာ မပြောင်းလဲသော်လည်း ပြည်တွင်းလက်ကျန် နည်းပါးသွားတဲ့အတွက် တင်ပို့မှုလျော့ကျ လျက်ရှိတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့ကထွက်ရှိတဲ့ နှမ်းဖြူ၊ နှမ်းနက်များကို မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်က တစ်ဆင့်တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်မှ နှမ်းဖြူ ၉၆ တန်၊ နှမ်းနက် ၃၁၁ တန်နဲ့ နှမ်းအခွံချွတ် တန် ၁ဝဝ ၊ ချင်းရွှေဟော်နယ်စပ်မှ နှမ်းဖြူ ၃၄ တန်ကျော် စုစုပေါင်းနှမ်းရောင်စုံ ၅၄၁ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၇၅ သန်းဖိုးတင်ပိုနိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၁ဝဝဝ ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်တင်ပို့နိုင်မှု ဟာ ထက်ဝက်နီးပါးလျော့ကျသွားပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံနှမ်းပေါက်ဈေး ကို ကြည့်တဲ့အခါ မိမိဘက်မှာ နှမ်းဖြူဈေး လျော့ကျခဲ့သော်လည်း နှမ်းနက်ဈေး ကောင်းလျက် ရှိတာတွေ့ပါတယ်။                                       မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု           ယခင်      ပြောင်းလဲမှု    %        ယခု       ယခ   ပြောင်းလဲမှု   %နှမ်းဖြူ       ၁၁၅၂၆၁၄     ၁၁၉၆ဝ၇၂     ၄၃၄၅၈       ၄      ၁၃ဝ၇     ၁၂၃၂      ၇၅         ၆နှမ်းနက်    ၁၅၃၃၆ဝ၇      ၁၃၈၄၄၈ဝ     ၁၄၉၁၂၇     ၁ဝ    ၁၆ဝ၈      ၁၅၃၃     ၇၅          ၅MIRT (DOBT)