Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးမြေပဲလှိုင်လှိုင်ပေါ်

Tue, 11/23/2010 - 08:24 -- Anonymous (not verified)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးမြေပဲလှိုင်လှိုင်ပေါ်    ယခုအချိန်က မိုးမြေပဲများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်သလို ဆောင်းမြေပဲ စိုက်ပျိုးချိန်လည်းဖြစ်ပါတယ်။ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး ၊ အရာတော်၊ ချောင်းဦး၊ မြောင်မြို့နယ်များမှ ထွက်ရှိတဲ့ မိုးမြေပဲများ မုံရွာမြို့သို့ အများအပြားဝင်ရောက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၁၅ ရက်အတွင်း မြေပဲတစ်ပိဿာအနိမ့် အမြင့်ဈေးများမှာ မြေပဲဆံနီ ၁၉၅ဝ ကျပ်၊ ၂၁ဝဝ ကျပ်၊ မြေပဲဆံဖြူ ၁၆ဝဝ ကျပ်၊ ၁၇၄၅ ကျပ်၊ မြေပဲလုံးဆံ ၁၈၅၇ ကျပ်၊ ၂ဝ၃၆ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပါတယ်။      စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးမြို့သို့ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ပထမ ပတ်အတွင်း မြေပဲတင်း ၃၆ဝဝ ကျော်၊ ဒုတိယပတ်အတွင်း မြေပဲတင်း ၅၅ဝဝ ကျော်စီးထွက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံးဆံ တစ်ရက်ကို ပျမ်းမျှ တင်း ၁၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိဿာ လက်ကား ၃၁၅ဝ ကျပ်၊ လက်လီဈေး ၃၃ဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ သန်းသန်းတင်