Main menu

Background

ပြည်ဈေးကွက်တွင် မြေပဲဆံဈေးတက်

Tue, 11/23/2010 - 08:27 -- Anonymous (not verified)

 ပြည်ဈေးကွက်တွင် မြေပဲဆံဈေးတက်         ပဲခူးတိုင်းဒေသကြီးအနောက်တွင် ဆောင်းမြေပဲများစိုက်ပိုျးနေပြီဖြစ်ပြီး ပြည်ဈေးကွက်တွင် မိုးမြေပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ဝက်ထီးကန်၊ ပြည်မြို့အနောက်ဘက်နဲ့ အောင်လံဘက်မှ တစ်နေ့ကို အိတ် ၁ဝဝဝခန့် ဝင်ရောက်လျက်ရှိပါတယ်။ ဆီကြိတ်မြေပဲဆံကို ဆီစက် သမားများမှ ရသလောက်အဝယ်ရှိနေလို့ ဆီကြိတ်မြေပဲဆံ တစ်ပိဿာကို ၁၆ဝဝ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးတက်လာတာ တွေ့ရပါတယ်။ လုံးဆံဈေးမှာ တစ်ပိဿာ ၁၇၅ဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ ပြည်ဈေးကွက်တွင် တစ်နေ့ကို မြေပဲဆံအိတ် ၉ဝဝ မှ ၁ဝဝဝ ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီဈေးမှာ တစ်ပိဿာကို ၃၄၅ဝ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။                                                                                         ဝေဝေမင်း