Main menu

Background

မတ်ပဲဈေးအေး

Tue, 11/23/2010 - 08:48 -- Anonymous (not verified)

အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်းဟာ ယခင်တစ် ပတ်က ၁၂ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာက သီးနံှ၊ ဟင်းသီးဟင်းရွက်နဲ့ ပဲမျိုးစုံဈေးနှုန်းကျဆင်းခဲ့တာကြောင့် နိုဝင်ဘာလ ၆ ရက်မှာ ကုန်ဆုံး တဲ့ သီတင်းပတ်အတွင်း ၁ဝ ဒသမ ၃ ရာခိုင်နှုန်းကို သိသိသာသာ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးက ၄ ရာခိုင်နှုန်း၊ ဘာလီဈေး ၃ ရာခိုင်နှုန်း၊ နွားနို့နဲ့ ပဲစင်းငုံဈေးက ၁ ရာခိုင်နှုန်းစီကျဆင်းခဲ့ပြီး ပဲတီစိမ်းဈေးကတော့ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးအေး      ယခုတစ်ပတ်အတွင်း အိန္ဒိယမှာ ဘာသာရေးပွဲတော်ရှိလို့ အရောင်းအဝယ်နည်းသလို ဈေးဖွင့်ရက်မှာလည်း ကုန်သည်များ အဝယ်နည်းတာကြောင့် မတ်ပဲဈေးအေးနေပါတယ်။ ဒါ့အပြင် ဝင်ရောက်လာတဲ့ မတ်ပဲရဲ့ အရည်အသွေးအရလည်း ဝယ်လိုအားနည်းတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက မတ်ပဲ ပုံမှန်အရောင်းရှိနေတာကြောင့် ဈေးကွက်တွေမှာ ပဲရရှိမှုများနေတဲ့အပြင် မိုးပဲအထွက် ကောင်းတယ်ဆိုတဲ့ ခန့်မှန်းချက်တွေက ဈေးနှုန်းမမြင့်အောင် ထိန်းထားပါတယ်။ စက်တင်ဘာလအတွင်းမှာ မြန်မာနိုင်ငံက မတ်ပဲ တန်ချိန် ၄၆၈၅၇ တင်သွင်းခဲ့လို့ သြဂုတ်လတင်သွင်းမှုထက် ၁၁ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင်မြင့်တက် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ကာလတိုအတွင်း ဈေးအေးနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ဈေးကွက် အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁                                                                                                    ဒေါ်လာ/တန် ဈေးကွက်     ၁၈ .၁၁ .၁ဝ          ၁၆ .၁၁ .၁ဝ           ၁၅ .၁၁ .၁ဝ         ၁၃ .၁ဝ .၁ဝမွန်ဘိုင်း         ၉၅၂                      ၉၇၃                    ၉၆၄                   ၉၉၈ဒေလီ           ၉၅၇                       ၉၇၃                    ၉၈ဝ                   ၉၉၈ချန်နိုင်း        ၉၈၅-၁၂၁ဝ            ၉၉၅-၁၂၁၆           ၁ဝဝ၂-၁၂၂၄           ၁ဝ၂၁-၁၂၃၄