ကုလားပဲဈေးခိုင်မာနေ
ကုလားပဲဈေးခိုင်မာနေ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ကုလားပဲ လက်ကျန်နည်းလာပြီဖြစ်လို့ ယခုတစ်ပတ် ကုလားပဲဈေး ခိုင်မာနေပါတယ်။ ဈေးကွက်တွေကို ပဲဝင်ရောက်မှုကျဆင်းနေခြင်းနဲ့ အဝယ်ရှိနေ ခြင်းတို့က ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ဒါပေမဲ့ ဈေး သက်သာတဲ့ ပဲလုံးတွေ ဈေးကွက်မှာရရှိနေခြင်းက ကုလားပဲဈေးကို ကျဆင်းစေနိုင်တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ယခုနှစ်အတွင်း ရာဂျက်စသန်အစိုးရက ကုလားပဲဟက်တာ ၁၃ ဒသမ ၇၅ သိန်း စိုက်ဖို့ ရည်မှန်းထားပြီး နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ဟက်တာ ၈ ဒသမ ၇၉ သိန်းစိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ ကာလတိုအတွင်း ဈေးအေးနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ်ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၁၈ .၁၁ .၁ဝ ၁၆ .၁၁ .၁ဝ ၁၅ .၁၁ .၁ဝ ၁၃ .၁ဝ .၁ဝမွန်ဘိုင်း ၅၅၅-၅၅၆ ၅၅၈ ၅၅၆ ၅၅၅ဒေလီ ၅၂၃ ၅၂၅-၅၃၁ ၅၁၅-၅၂၁ ၅၂၇-၅၃၃ကန်ပါ ၅၂၆ ၅၂၄-၅၂၅ ၅၂၅-၅၂၆ ၅၃၂-၅၃၃
