ပဲတီစိမ်းဈေးလျော့လာ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ယခုတစ်ပတ် ပဲတီစိမ်းဈေးအေးလာပါတယ်။ ဈေးကွက်များကို ဝင်ရောက်လာတဲ့ ပဲတီစိမ်းများမှာ အစိုဓာတ်ပါဝင်မှုများတာကြောင့် အရောင်းအဝယ် ပါးဈေးလျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရာဂျက်စသန်က ပဲအထွက်ကောင်းမယ့် ခန့်မှန်းချက်များကြောင့်လည်း ဈေးလျော့ လာခြင်းဖြစ်ပါတယ်။ အတ္တရာပရာဒေ့ရှ်မှာ ဆောင်းပဲတီစိမ်း စတင် စိုက်ပျိုးနေပြီဖြစ်ပြီး လက်ရှိအချိန်ထိ ဟက်တာ ဝ ဒသမ ၁၃ သိန်း စိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ ကာလတိုအတွင်းမှာလည်း ဈေးလျော့ ကျမယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား (၃) နဲ့ ဖော်ပြလိုက် ပါတယ် -ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၁၈ .၁၁ .၁ဝ ၁၆ .၁၁ .၁ဝ ၁၅ .၁၁ .၁ဝ ၁၃ .၁ဝ .၁ဝချန်နိုင်း(ပဲတီရွှေဝါ) ၉၅၇ ၉၇၃ ၉၇၅ ၉၈၇ဒေလီ ၁ဝ၃၄ ၁ဝ၆၁ ၁ဝ၆၃ ၁ဝ၇၇အင်ဒိုရီ ၉၂၄ ၈၈၅-၉ဝ၇ ၉၃ဝ ၉၄၂
Background