ပဲစင်းငုံဈေး ဆင်းလာ
ပဲစင်းငုံဈေး ဆင်းလာ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ယခုတစ်ပတ် အတွင်း လက်ရှိဈေးနဲ့ အဝယ်မရှိခြင်းကြောင့် ဈေးကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ပုံမှန်အရောင်းရှိခြင်းနဲ့ ပြည်တွင်းပဲအထွက် ကောင်းမယ်လို့ မျှော်လင့်နေခြင်းတို့ကြောင့် အရောင်းအဝယ် ပါးနေ တယ်လို့သိရပါတယ်။ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံက ပဲစင်းငုံ တန်ချိန် ၉၁၃၇ သာတင်သွင်းခဲ့လို့ သြဂုတ်လထက် ၁၆ ရာခိုင်နှုန်း ဝန်းကျင် လျော့ကျခဲ့တယ်လို့သိရပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း မဟာရပ်ရှတရာ၊ အတ္တရာပရာဒေ့ရှ်နဲ့ ကာနာတာကာတို့မှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ပေမဲ့ သီးနံှပျက်စီးမှုမရှိနိုင်ဘူးလို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ လာမယ့်ရက်တွေမှာလည်း ပဲစင်းငုံအဆင်းဘက်ကို ဦးတည်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား (၄)နဲ့ ဖော်ပြထားပါတယ် -ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၁၈ .၁၁ .၁ဝ ၁၆ .၁၁ .၁ဝ ၁၅ .၁၁ .၁ဝ ၁၃ .၁ဝ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၆၉၃ ၇၁၆-၇၁၉ ၇၂ဝ ၇၃၅ဒေလီ(မြန်မာပဲစင်းငုံ) ၆၈၂ ၇ဝ၈ ၇၁၄-၇၂ဝ ၇၄ဝချန်နိုင်း(မြန်မာပဲစင်းငုံ) ၆၉၃ ၇ဝ၈ ၇၂ဝ ၇၁၈Source: agriwatch.com , MIRT (Yangon)
