Main menu

Background

RSS(၃) နဲ့ (၅) နယ်စပ်မှ တင်ပို့မှုမြင့်

Tue, 11/23/2010 - 09:30 -- Anonymous (not verified)

RSS(၃) နဲ့ (၅) နယ်စပ်မှ တင်ပို့မှုမြင့်       RSS (1) (3) (5)၊ MSR (20) (50) စသဖြင့် ရော်ဘာအဆင့်စုံများကို မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်တွေက တစ်ဆင့်တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ နိုဝင်ဘာလ ၁ဝ ရက်မှ ၁၆ ရက်ထိကာလ အတွင်းမှာRSS (3)  တန်ချိန် ၃ဝဝ ကျော်နဲ့ RSS (5)  တန်ချိန် ၁၂ဝ ကျော် ယခင်အပတ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ တစ်ဘက်နိုင်ငံ ရာသီဥတုအခြေအနေပြောင်းလဲမှုကြောင့် ရော်ဘာထွက်ရှိမှု လျော့နည်းခဲ့သလို အခြားရော်ဘာ ထွက်ရှိတဲ့ နိုင်ငံများမှာလည်းရော်ဘာထွက်နှုန်း လျော့တာကြောင့်မို့ ဝယ်လို အားတက်နေတယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ရော်ဘာ တင်ပို့နိုင်မှု ကတော့RSS (1)  ၁၅ တန်၊ RSS (3)  ၅၅၇ ဒသမ ၈ တန်ကျော်၊ RSS (5) တန် ၁၁ဝ၊ MSR (20) တန် ၃၈ဝ နဲ့ MSR (50)  တန် ၄ဝ တင်ပို့နိုင်ခဲ့ပြီး ချင်းရွှေဟော်နယ်စပ်မှ RSS (3) ၁၆၇ တန်ကျော်၊ RSS (5) တန် ၄ဝ နဲ့ MSR (50)  ၂၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ စုစုပေါင်း အခုအပတ်မှာ နယ်စပ်မှ ရော်ဘာ တန် ၁၃၃ဝ တန်ကျော် တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ၄ ဒသမ ၁၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက်တန် ၅ဝဝ ကျော် တင်ပို့မှုပိုမိုခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်                                                            မိမိဘက်(ကျပ်/တန်)                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု              ယခင်         ပြောင်းလဲမှု       %         ယခု           ယခင်   ပြောင်းလဲမှု      %RSS(3)       ၃၂၅၆၄၄၅        ၃၂၃၆၈ဝဝ       ၁၉၆၄၅       ဝ .၆      ၃၆၁၄         ၃၅၈၄         ၃ဝ         ဝ .၈RSS(5)       ၃၁၂ဝ၇၅၉       ၃၁ဝဝ၈ဝဝ        ၁၉၉၅၉       ဝ .၆      ၃၄၆၄          ၃၄၃၄         ၃ဝ        ဝ .၉MIRT (DOBT)