သထုံခရိုင်အတွင်းရှိ မြို့နယ်များ တွင် စပါး၊ ဆန်ဈေးနှုန်းမှာ တည်ငြိမ် လျက်ရှိကြောင်း သိရသည်။ မေလ နောက်ဆုံးပတ်တွင် မော်လမြိုင်ခရိုင်သို့ အိတ် ၃၀ဝ၀ ခန့်၊ ကရင်ပြည်နယ်သို့ အိတ် ၂၀၂၀ ခန့်၊ စုစုပေါင်း အိတ်ရေ ၅၀၂၀ ခန့်၊ တန်ချိန်အားဖြင့် ၂၄၂ တန် ခန့်စီးထွက်ခဲ့ပြီး တတိယပတ်နှင့် နှိုင်း ယှဉ်ပါက ပို၍စီးထွက်ခဲ့သည်။
သထုံခရိုင်အတွင်းသို့ မေလ တတိယပတ်တွင် ဆန်စီးဝင်မှုမှာ ရန်ကုန်တိုင်းဒေသကြီးမှ အိတ် ၂၁၀ဝ ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ အိတ် ၃၀ဝ၀ ခန့်၊ စုစုပေါင်း အိတ်ရေ ၅၁၀ဝ ခန့် တန်ချိန်အားဖြင့် ၂၄၅ တန်ခန့် စီးဝင် ခဲ့ပြီး မေလနောက်ဆုံးပတ်တွင် ရန်ကုန် တိုင်းဒေသကြီးမှ အိတ် ၂၅၀ဝ ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ အိတ် ၂၆၀ဝ ခန့် စုစုပေါင်း အိတ်ရေ ၅၁၀ဝ ခန့် တန်ချိန် အားဖြင့် ၂၄၅ တန် ခန့်စီးဝင်ခဲ့ပြီး ပုံမှန် အတိုင်း ဆန်ဝင်ရောက်မှုရှိခဲ့သည်။
သထုံခရိုင်အတွင်း၌ မေလ နောက်ဆုံးပတ်တွင် စပါး၊ ဆန်ဈေး နှုန်းများမှာ စပါးတင်း ၁၀ဝ လျှင် ဒေသ ပေါက်ဈေး ကျားပျံဟိုတယ် ကျပ် ၃၀ဝ၀ဝ၀ဝ ခန့်၊ ပေါ်ဆန်းဝါ ကျပ် ၂၈၀ဝ၀ဝ၀ ခန့်၊ ကမာကြည် ကျပ် ၂၂၀ဝ၀ဝ၀ ခန့်၊ ဧည့်မထ ကျပ် ၁၇၀ဝ၀ဝ၀ ခန့်နှင့် ၂၄ ပြည်ဝင်ဆန် တစ်အိတ်လျှင် ကျားပျံဟိုတယ် ကျပ် ၁၃၀ဝ၀ဝခန့်၊ပေါ်ဆန်းဝါ ကျပ် ၁၁၀ဝ၀ဝ ခန့်၊ ကမာကြည် ကျပ် ၇၈၀ဝ၀ ခန့်၊ ဧည့် မထ ကျပ် ၆၈၀ဝ၀ ခန့်ရှိပြီး ယခုတစ် ပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ တည် ငြိမ်လျက်ရှိကြောင်း သိရသည်။
ထိန်လင်း (သထုံ)