Main menu

Background

ဂျပန်ယန်းငွေ တန်ဖိုးကျဆင်းမှုနှင့် ရောင်းလိုအားကျဆင်းမှုကြောင့် ရော်ဘာဈေးတက်

Tue, 11/23/2010 - 09:43 -- Anonymous (not verified)

ဂျပန်ယန်းငွေ တန်ဖိုးကျဆင်းမှုနှင့် ရောင်းလိုအားကျဆင်းမှုကြောင့် ရော်ဘာဈေးတက်၏        တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးတွင် ရော်ဘာဈေးနှုန်းက နှစ်ရက်ဆက်တိုက်ကျဆင်းနေရာမှ အောက်တိုဘာ လ ၁၅ ရက်နေ့တွင် ဂျပန်ယန်းငွေက အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာတွင် တန်ဖိုးကျဆင်းသွားတာကြောင့် ရော်ဘာဈေးနှုန်း ပြန်တက်သွားကြောင်း သတင်းရရှိပါတယ်။ တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးတွင် ဧပြီလသင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းက ၂ ဒသမ ၈ ရာခိုင်နှုန်းဈေးတက်သွားပြီး တစ်တန်ကို ကန်ဒေါ်လာ ၄၃၇၅ ကိုရောက်ရှိသွားခဲ့ပါတယ်။ ရှန်ဟိုင်းကြိုပွိုင့် ရောင်းဝယ်ရေးတွင် မေလ သင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းက ၃ ဒသမ ၃ ရာခိုင်နှုန်းဈေးတက်သွားပြီး တစ်တန်ကို ကန်ဒေါ်လာ ၅၂၄၁ နဲ့ ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။        ဂျပန်ယန်းငွေတန်ဖိုးကျဆင်းခြင်းက ဈေးကွက်ဝယ်လိုအားကိုတက်သွားစေခဲ့ကြောင်း DS Futures Co မှသုတေသီ Chaiwat Muenmee  မှပြောကြားလိုက်ပါတယ်။ ဒါ့ပြင် ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့မှ ရောင်းလိုအား တင်းကြပ်မှု ကြောင့်လည်း ရော်ဘာဈေးနှုန်းကို တွန်းအားပေးလိုက်ပါတယ်။          ယခုနှစ်တွင် ရော်ဘာကြိုပွိုင့်ဈေးနှုန်းများ ၃ဝ ရာခိုင်နှုန်းတက်သွားရခြင်းမှာ အရှေ့တောင်အာရှနိုင်ငံများ တွင် မိုးရွာ သွန်းမှုနဲ့ ရေလွှမ်းမိုးမှုကြောင့် ရော်ဘာထုတ်လုပ်မှုထိခိုက်ခဲ့ရာ ရော်ဘာထုတ်လုပ်သူများမှ ရော်ဘာ ဝယ်လိုအားကို ပြည့်မီအောင် ရောင်းချနိုင်ခြင်း မရှိခြင်းကြောင့် ဖြစ်ပါတယ်။           ထိုင်းနိုင်ငံတွင်လည်း စတုတ္တလေးလပတ်တွင် ရော်ဘာထုတ်လုပ်မှုက ၁ဝ ရာခိုင်နှုန်းကျဆင်းသွားကာ တန်ချိန် ၈၇ဝဝဝဝ သာရောက်ရှိနိုင်ပြီး တစ်နှစ်လုံးအတွက်မူ ထုတ်လုပ်မှု ၅ ရာခိုင်နှုန်းကျဆင်းကာ တန်ချိန် ၃ သန်းသာရှိနိုင်ကြောင်း ထိုင်း ရော်ဘာအသင်းရဲ့ ခန့်မှန်းချက်အရသိရှိရပါတယ်။ လာမဲ့ ၇ နှစ်အတွင်းတွင် ထိုင်းနိုင်ငံ ရဲ့နှစ်စဉ်ရော်ဘာရောင်းလိုအားက အပင်သစ်များမရင့်မချင်း တန်ချိန် ၅ဝဝဝဝ ကျော်ကျဆင်းသွားနိုင်ကြောင်း ထိုင်းနိုင်ငံရော်ဘာအသင်းဥက္ကဌ ူLuckchai Kittipol  မှသုံးသပ်လိုက်ပါတယ်။          နိုဝင်ဘာလ ၁၅ ရက်နေ့က ထိုင်းရော်ဘာလက်ငင်းဈေးနှုန်းက တစ်ကီလိုဂရမ်ကို သုည ဒသမ ၈ ရာခိုင်နှုန်း ဈေးကျ သွားကာ တစ်တန်ကို ကန်ဒေါ်လာ ၄၃၇ဝ နဲ့အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ထိုင်းရော်ဘာသုတေသန တက္ကသိုလ်အရ သိရှိရပါတယ်။ ထိုင်းနိုင်ငံရဲ့ ရောင်းလိုအားက ဆက်လက်ကျဆင်းနေဦးမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။          ဂျပန်နဲ့ တရုတ်နိုင်ငံတို့တွင် ရော်ဘာသိုလှောင်ထားမှုလက်ကျန်လျော့နည်းလာခြင်းမှာ စဉ်ဆက်မပြတ် ဝယ်ယူမှုများ ကြောင့် ဖြစ်ကြောင်း DS Futures  ကြိုပွိုင့်ရောင်းဝယ်ရေးအရ သိရှိရပါတယ်။ ဂျပန်နိုင်ငံရဲ့ ကုန်သိုလှောင် ထားမှုက နိုဝင်ဘာလ ၁ဝ ရက်နေ့က တန်ချိန် ၇၅၅၂ သာရှိတော့ကြောင်း ဂျပန်ရော်ဘာသတင်းအချက်အလက်များအရ သိရှိရပါတယ်။ တရုတ်နိုင်ငံရဲ့ ကုန်သိုလှောင်ရုံများတွင်လည်း ရော်ဘာသိုလှောင်ထားမှုက လျော့နည်းသွားခဲ့ကြောင်း သုတေသနပြူမှုများ အရ သိရှိရပါတယ်။ Source:bloomberg.com, အေးမွန်မွန်လှိုင်