ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက် ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် မေ ၂၂ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃၃၀၈ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ မေ ၂၈ ရက်တွင် ရွှေတစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ ၃၃၂၃ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည်လည်း မေ ၂၂ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၄၉၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ မေ ၂၈ ရက်တွင် ကျပ် ၇၅၉၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။
Trading Economicsတွင် ဖော်ပြချက်အရ မြန်မာနိုင်ငံ တွင်GDP သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင်USD ၆၄ ဒသမ ၇၅ ဘီလီယံရှိခဲ့ကြောင်းTrading Economics global macro model နှင့် ဆန်းစစ်လေ့လာသူများ၏ ခန့်မှန်းချက်အရ သိရှိရသည်။ Econometric Model အရ မြန်မာနိုင်ငံ၏GDP သည် ၂၀၂၅ ခုနှစ်တွင်USD ၆၆ ဒသမ ဝ၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင်USD ၆၇ ဒသမ ၃၇ ဘီလီယံဝန်းကျင်ရှိမည်ဟု ခန့်မှန်းထား ကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် ADB) ၏ စက်တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP)) တိုးတက်မှုနှုန်းသည် ၂ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက် GDP တိုးတက် မှုနှုန်းသည် ၃ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအား ပြောင်းလဲမှုပေါ်လိုက်၍ မေလ ၂၂ ရက်မှ မေ ၂၈ ရက်ထိ ရက် သတ္တပတ်အတွင်း ၄၄၆၀-၄၄၇၀ ကျပ်ကြားရှိနေကြောင်း သိရှိရသည်။
P&S